Breaking

ပြည်သူ့အကျိုးအတွက် လုပ်ဆောင်ပေးရန်  အားကောင်းမည်ဟုယူဆ၍ ပြည်သူ့ပါတီသို့ ဝင်ရောက်ရခြင်းဖြစ်ဟု ဦးလှဌေးပြော

၂၀၂၄ ၊ မတ် ၁၂
    ပြည်သူ့အကျိုးအတွက် ကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးနိုင်ရန် အားကောင်းမည်ဟု ယူဆသည့်အတွက် ပြည်သူ့ပါတီသို့ ဝင်ရောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးလှဌေးက ပြောသည်။
    "ပြည်သူ့ပါတီ ဝင်ရောက်ရတဲ့ အကြောင်းက လောလောဆယ်မှာ ကျွန်တော်က ဘယ်အဖွဲ့ အစည်းနဲ့မှ နိုင်ငံရေးလုပ် နေတာမရှိဘူး၊ သီးခြားဆောင်ရွက်နေတာ ဖြစ်တယ်။ နောက်ပြီး ပြည်သူ့ပါတီဆိုတာကလည်း ၈၈ ကာလကတည်းက လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်။ ဒါကြောင့် ဝင်ရောက်ခဲ့တာ။ နောက်တစ်ခုက ဒီအချိန်မှာ ပြည်တွင်းမှာက ပြည်သူလူထုအတွက် ခိုင်ခိုင်မာမာနဲ့ လုပ်ကိုင် ဆောင်ရွက်ပေးနိုင်မယ့် အင်အားကောင်းတဲ့ ပါတီတစ်ရပ်က လိုအပ်နေတယ်။ ပြီးတော့ ပြည်သူ့အကျိုး အတွက် ဆောင်ရွက်ပေးနိုင်ဖို့ အင်အားစုဖြစ်မယ်လို့ ထင်တာကတော့ ပြည်သူ့ပါတီမှာ သွားပြီးတော့ ပေါင်းပြီးတော့ စုသင့်တယ်လို့ ကျွန်တော်က ယူဆတယ်လေ။ ဒါကြောင့်လည်း ပြည်သူ့ပါတီနဲ့ လက်တွဲပြီးတော့ ဆက်ပြီးတော့ လုပ်ကိုင်သွားဖို့ ဆုံးဖြတ်လိုက်တာပါ။ ပြည်သူ့အကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးဖို့ အားကောင်းမယ်လို့ ယူဆ လို့ ပါတီဝင်ခဲ့တာပါ"ဟု ဦးလှဌေးက ပြော သည်။
    ပြည်သူ့ပါတီက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပါတီရုံးခန်းဖွင့်ပွဲနှင့် ဆိုင်း ဘုတ်တင်အခမ်းအနားကို မတ်လ ၈ ရက်က ပြုလုပ်ခဲ့ရာ ဦးလှဌေးကလည်း  ရန်ကုန်တိုင်း ပြည်သူ့ပါတီစည်းရုံးရေးကော် မတီအဖွဲ့ဝင်အဖြစ် အခမ်းအနားတက်ရောက်၍ အမှာစကားပြောကြားခဲ့ သည်ကို တွေ့ရသည်။
    ထို့အပြင် ဦးလှဌေးသည် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) UEC တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက် ထားဆဲကလည်း ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ယင်းပါတီအတွက် Volunteers အနေဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သည်။

Total Views ~ 313

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43960

© 2022 - 2025 News. All Rights Reserved.