၂၀၂၃ အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ကာ ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် မီးထွန်းပွဲတော်ကို အောက်တိုဘာလ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကာ E Sport ပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် တိုင်းဒေသကြီးစက်မှုဇုန် ၂၉ ဇုန်မှ အသေး စား၊ အငယ်စား၊ အလတ်စား MSMEs ထုတ်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ အလှကုန်၊ စားသောက်ကုန်၊ အိမ်သုံး၊ မီးဖိုချောင် သုံး၊ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ၊ ဟင်းသီးဟင်းရွက် အရောင်းဆိုင်များ၊ မြန်မာ့တိုင်းရင်းဆေး အရောင်းဆိုင်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အရောင်း ဆိုင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ စက်မှုထုတ်ကုန်ပစ္စည်း အရောင်းဆိုင်များ၊ သမဝါယမအသင်းများ၏ အရောင်းပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အရောင်း ဆိုင်ခန်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ဒေသထွက်ကုန်ပစ္စည်းအရောင်းဆိုင်များ စသည် ဖြင့် ဆိုင်ခန်းပေါင်း(၅၀၀)ခန့်ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင်ပွဲတော်ကာလတွင်ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားကုန်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ဈေးနှုန်းချိုသာစွာဖြင့် ရောင်း ချပေးသွားမည်ဖြစ်ကာ ပွဲတော်ရက်အတွင်း နေ့စဉ် န-ျစသမအ ဂိမ်းပြိုင်ပွဲများ၊ စတုဒိသာ ကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ ၏ ဖျော်ဖြေမှုများ၊ ဆပ်ကပ်၊ မျက်လှည့်၊ ီဲ၊ ီညေခနမ များ၏ ဖျော်ဖြေမှုများ ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
ပွဲတော်အား အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ပွဲတော်ရက်အတွင်း ပြည်သူများသွားလာရေး လွယ်ကူစေရန်အတွက် အကြို/အပို့ကားများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။