၂၀၂၃ ၊ မတ် ၁၇
ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးနှင့် ပူးပေါင်းဆောက်ရွက်မည်ဆိုသော ပါတီရည်ရွယ်ချက်ကိုနှစ်သက်၍ ရှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)အတွင်း ၀င်ရောက်ခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွန့်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးလှဌေးက ပြောသည်။
" အဓိက ကတော့ SNDP ရှမ်းတိုင်းရင်းသားပါတီရဲ့ အဓိ က ရည်ရွယ်ချက်က ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးပဲ။ဖက်ဒရယ်ပြည်ထောင်စုပေါ် ပေါက်ရေးဆိုတာကလည်း တိုင်းရင်းသားအားလုံးရဲ့ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကတည်းက သူတို့ ရည်မှန်းချက်နဲ့ အိပ်မက်တစ်ခုပဲ။အခုလို အချိန်မှာ သူတို့တစ်တွေ အနေနဲ့ အကောင်အ ထည်ဖော်နိုင်ဖို့ အခြေအနေကောင်းတွေ ရလာပြီ။ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကို ကြိုး စားကြမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ချမှတ်ထားတယ်။အဲ လိုချမှတ်တဲ့ အချိန်မှာလည်း ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကို ကြိုးစားတဲ့အခါမှာ ရှမ်းတိုင်းညရင်းသား တွေကလည်း သူတို့ရှမ်းလူမျိုး တစ်မျိုးတည်းတင် မဟုတ်ပဲ။ ကျွန်တော်တို့ ပြည်ထောင်စု တိုင်းရင်းသား အားလုံး ပါ၀င်စုပေါင်း ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ကြိုးပမ်းမယ်။ကျွန် တော်တို့ ဗမာတွေလည်း ပါ၀င်ကြရမယ်ပေါ့။ ပူး ပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိလာတော့ တိုင်းရင်းသားတွေနဲ့ စုပေါင်းပြီးတော့ ဖက်ဒရယ် ပြည်ထောင်စု ဆောင်ရွက်ကြရမယ်ဆိုတဲ့ ရည်ရွယ် ချက်လေးကို နှစ်သက်တာပေါ့ဗျာ။အဲဒါကြောင့်လည်း သူတို့နဲ့ လက်တွဲ မိတာပေါ့" ဟု ၎င်းကပြောသည်။
၎င်းအနေဖြင့် ပါတီ ၅ ခုမှ ချိတ်ဆက်လာမှုအပေါ် အချိန်ယူ စဉ်းစားခဲ့ကြောင်း၊ ထို့နောက် တိုင်းရင်း သားများနှင့် အတူ လက်တွဲလုပ်ဆောင်ရမည်ကို နှစ်သက်သည့် အတွက် SNDP ဖြင့် လက်တွဲခဲ့ခြင်း ဖြစ်ကြောင်း ဦးလှဌေးက ဆက်ပြောသည်။ " ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို ကြိုးစားချင်တယ်။တိုင်းရင်းသား ညီအစ်ကို မောင် နှမတွေလည်း လုပ်ကိုင်ရတဲ့ အလုပ်ကို နှစ်သက်တယ်။ ဒါကြောင့် SNDP ထဲကို ၀င်ရောက်ခဲ့တာပါ" ဟု ၎င်းက ပြောသည်။
ကျားဖြူပါတီ (ခေါ်)ရှမ်းတိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ(SNDP)ပါတီသည် ရှမ်းနှင့်တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီဟု အမည်ပြောင်း လဲကာ မှတ်ပုံတင်လျှောက်ထားခဲ့ပြီး လာမည့်ရွေး ကောက်ပွဲတွင် နေပြည် တော်ကောင်စီနယ်မြေ၊ ရန် ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေ သကြီး၊ မကွေး တိုင်းဒေသကြီး စသည့်တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကောင်စီနယ်မြေ ၇ ခုတို့တွင် ရွေး ကောက်ပွဲဝင်မည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအဖြစ် ရန်ကုန်ဦးလှဌေးအား ခန့်အပ်ခဲ့သည်။ဦးလှဌေးသည် ၂၀၁၀ ရွေး ကောက်ပွဲတွင် ဒီမို ကရက်တစ်ပါတီ (မြန်မာ)မှ ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် မင်္ဂလာ တောင်ညွန့်မြို့ နယ်မှ NLD ပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ တွင် NLD မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ်နေရာမှ အနိုင် ရခဲ့သူ ဖြစ်သည်။ထို့နောက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲမတိုင်မီကာလတွင် NLD ပါတီကနေ နှုတ်ထွက်ကာ တစ်သီးပုဂ္ဂလအနေဖြင့်၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်