ဖယ်ခုံမြိုနယ်၌ 230 KV မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အား အကြမ်းဖက်အုပ်စု PDF/ KNDF အဖွဲက မိုင်းဖောက်ခွဲဖျက်ဆီး

၂၀၂၃၊ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြိုနယ် ကသည်းကျေးရွာနေရာဝန်းကျင်မှ ဇန်နဝါရီ ၂ရက် ညနေပိုင်းတွင် ပေါက်ကွဲသံ ၃ ချက် ကြားရသဖြင့် လုံခြုံရေးအဖွဲက စုံစမ်းခဲ့ရာ မဟာဓာတ်အားလိုင်းမှူးရုံး (လွိင်ကော်)မှ တာဝန်ယူထိန်းသိမ်းရသည့်  လောပိတ အမှတ်(၂)ဓာတ်အားပေးစက်ရုံမှ နေပြည်တော် တပ်ကုန်းမြိုနယ် ရွှေမြို့ဓာတ်အားခွဲရုံသို သွယ်တန်းထားသော မဟာဓာတ်အားလိုင်း 230  KV ဓာတ်အား လိုင်းရှိ တာဝါတိုင် အမှတ်(ခန့်မှန်း ၁၅၉)အား အကြမ်းဖက်အုပ်စု PDF/ KNDF အဖွဲက မိုင်းခွဲဖျက်ဆီးခဲ့၍ ပြိုလဲသွားကြောင်း သိရှိရသည်။

အဆိုပါ လျှပ်စစ်တာဝါတိုင်သည် ၂ဝ၂၂ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် အကြမ်းဖက်အုပ်စု PDF/ KNDF အဖွဲများ၏ မိုင်းထောင်ဖောက်ခွဲခြင်း ခံခဲ့ရသည့် အချိန်မှစ၍ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 191

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43055

© 2022 - 2025 News. All Rights Reserved.