၂၀၂၃ စက်တင်ဘာ ၁၁
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ် ၍ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ကို လေ့လာကြည့်ပါက ဖက်ဒရယ်ဟု တိုက်ရိုက်သုံးစွဲထားခြင်း မရှိသော်လည်း အာဏာကို ခွဲဝေကျင့်သုံးသည့် ဖက်ဒရယ်၏ လုပ်ထုံးလုပ်နည်းများပါပြီးဖြစ်သည်ကို လေ့လာသိရှိနိုင်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
စက်တင်ဘာ ၉ ရက်တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ် ငန်းရှင်များအား လားရှိုးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးရာတွင် နစကဥက္ကဋ္ဌကအထက် ပါကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် ကျင့်သုံးခဲ့ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို ကြည့် မည်ဆိုပါက လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော် က အတည်ပြုရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)သည် ပြည် သူလူထုတစ်ရပ်လုံး မဲပေးအတည်ပြုခဲ့သည့် ဥပဒေမဟုတ်ဘဲ တိုင်းပြုပြည်ပြုလွှတ်တော် က အချို့သော ပညာရှင်များ၏ အကြံဉာဏ် များရယူကာ ရေးဆွဲအတည်ပြုခဲ့သည့် ဥပဒေဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)သည် မူကြမ်းသုံးကြိမ်အထိ ရေးဆွဲ၍ ပြည်သူလူထုအားချပြပြီးမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုခဲ့ ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)သည်လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို လေ့လာကြည့်ပါက ဖက်ဒရယ်ဟု တိုက်ရိုက် သုံးစွဲထားခြင်း မရှိသော်လည်း အာဏာကို ခွဲဝေကျင့်သုံးသည့် ဖက်ဒရယ်၏ လုပ်ထုံး လုပ်နည်းများပါပြီးဖြစ်သည်ကို လေ့လာသိရှိ နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျေးလက်ကိုအခြေခံပြီး ကျေးလက်ကိုပေါင်း စည်း၍ မြို့နယ်၊ မြို့နယ်မှခရိုင်၊ ခရိုင်မှတိုင်း ဒေသကြီးနှင့် ပြည်နယ်ဖြစ်လာပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုဖြစ်လာကြောင်း၊ ထိုအ တွင်းမှ တူညီသည့် တိုင်းရင်းသားများပြား သည့် ဒေသများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းများ အဖြစ် ဖွဲ့စည်း ဆောင်ရွက်ပေးထားခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်း လျက်ရှိပြီး နိုင်ငံရေးအရ၊ တိုင်းရင်းသားရေး အရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှု များ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမို ကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ ပြည်တွင်းအသိသက် သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ် ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့် စာချုပ်ဖြစ်ကြောင်း၊ တပ်မ တော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဃြဗ စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် (၈)နှစ်မြောက် NCA နှစ်ပတ်လည်နေ့ အခမ်းအနားကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ၊ အလေးအ နက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး မိမိ တို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားသည်။