ဗန်းမော်မြို့တွင် အကြမ်းဖက် PDF နှင့်KIA များပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့၍  ဒေသခံပြည်သူ ၉ ဦး ဒဏ်ရာအသီးသီးရ

၂၀၂၃ ၊ ဧပြီ ၂၄

ယမန်နေ့( ဧပြီ ၂၃ ) နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်က ဗန်းမော်ခရိုင် ဗန်းမော်မြို့၏ အရှေ့တောင်ဘက် ၂ မိုင် ခန့်အကွာ ဟန်တဲရပ်ကွက် ရိုးကြီးရပ် ဦးပိန်တံတား သွားလမ်းအတွင်းရှိ ဦးမြသန်း (၆၂)နှစ်၏ နေအိမ်အနီးနှင့်ကပ်လျက်ရှိ ဦးစန်းမောင်(၅၂)နှစ်၏ နေအိမ်ရှေ့လမ်းဘေးသိုလက်နက်ကြီးဗုံးသီး ၂ လုံးတို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းသို ကျရောက်ပေါက်ကွဲမှုကြောင့် ဗန်းမော်မြို့၊ဟန်းတဲရပ်ကွက်နေသူများ ဖြစ်ကြသည့် မောင်နေလင်းချစ်(၂၃)နှစ်တွင် ဝဲနံဘေးပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ မချမ်းမြေ့ဖူးသွယ်(၁၆)နှစ် တွင် ယာလက်မောင်းပေါက်ပြဲဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ မတင်နှင်းဝေအောင်(၁၈)နှစ်တွင်  ဝဲပေါင် လက်နက်ကြီးစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဦးစိုင်းသီဟ(၂၈)နှစ်တွင် ယာဒူး/ခြေဖမိုးလက်နက်ကြီးစထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)၊
ဦးမျိုးမင်းသိန်း (၄၄)နှစ်တွင်  ဝဲချိုစောင်းလက်နက်ကြီးစရှပ်ထိဒဏ်ရာ ၁ ချက်၊ ငယ်ထိပ်လက်နက်ကြီးစရှပ်ထိ ဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖမိုးလက်နက်ကြီးစရှပ်ထိဒဏ်ရာ ၂ ချက်၊ စုစုပေါင်းဒဏ်ရာ ၄ ချက်(မစိုးရိမ်ရ)၊ ဗန်းမော်မြိုနယ် ခိုကျင်ကျေးရွာနေသူများ ဖြစ်ကြသည့် မနှင်း အိခိုင်(၂၅)နှစ် တွင် ဝဲပေါင်လက်နက်ကြီးစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ မောင်ခန့်မင်းသော်(၄)နှစ်တွင် ယာတံတောင်ဆစ်လက်နက်ကြီးစရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ဗန်းမော်မြိုနေသူ နောင်ခိုရပ်ကွက်နေသူ
ဒေါ်စိုးစိုးထွေး(၄၇)နှစ်တွင် ဝဲခြေသလုံးလက်နက်ကြီးစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ဗန်းမော်မြို့နေသူသာစည်ရပ်ကွက်နေသူ ဦးအောင်နိုင်ထွန်း (၅၂)နှစ်တွင်  ဝဲနံဘေး လက်နက်ကြီးစရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တိုအသီး သီးရရှိခဲ့၍ ဗန်းမော်မြိုနယ်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိဆေးကုသလျက်ရှိကြောင်း သိရသည်။

အဆိုပါသတင်းအရ ပူးပေါင်းလုံခြုံရေးအဖွဲ့က အခင်းဖြစ်အရပ်သိုရောက်ရှိစစ်ဆေးခဲ့ရာ အကြမ်းဖက်အုပ်စု PDF/KIA သကသများမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့၍ဒဏ်ရာများရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Total Views ~ 182

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43367

© 2022 - 2025 News. All Rights Reserved.