၂၀၂၄ ၊ မတ် ၅
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေကြေးဈေးကွက်အတွင်း မတ် ၄ ရက်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့် ဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်းလိုက်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းမှ မတ်လ ဆန်းအထိဒေါ်လာ ၈၈ သန်းကျော်နှင့် ဘတ်သန်း ၁၀၀၀ ကျော် ရောင်းချသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အ နေဖြင့် ဇန်နဝါရီ ၂၅ ရက်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဒေါ်လာကိုးသန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာငါးသန်းနှင့် ဘတ်သန်း ၅၀၊ ဇန်နဝါရီ ၂၉ ရက်တွင် နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း ဒေါ်လာကိုးသန်း၊ ဖေ ဖော်ဝါရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ၁၃ သန်း၊ ဖေဖော်ဝါ ရီလ ၂၂ ရက်က နိုင်ငံခြား ငွေကြေးဈေးကွက် တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဒေါ် လာငါးသန်းနှင့် ထိုင်းဘတ်သန်း ၅၀၊ ဖေ ဖော်ဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးဈေး ကွက်တွင် ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀၊ ဖေဖော်ဝါရီ ၁၄ ရက်က ဗဟို ဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေး ကွက်တွင် ဒေါ်လာ ၅ ဒသမ ၃၈ သန်း၊ ဖေဖော်ဝါ ရီ ၈ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေကြေးဈေးကွက်တွင် ဒေါ်လာရှစ်သန်း၊ ဖေဖော်ဝါရီ ၁၅ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေကြေးဈေးကွက်တွင် ဒေါ်လာကိုး သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၁၉ ရက်က နိုင်ငံခြား ငွေကြေးဈေးကွက်တွင် ဒေါ်လာရှစ်သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၂၆ ရက်က နိုင်ငံခြား ငွေကြေး ဈေးကွက်တွင် ဒေါ်လာရှစ်သန်းနှင့် ထိုင်း ဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၂၇ ရက်က နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း ဒေါ် လာ ၁၀ သန်း ထပ်မံရောင်းချပေးခဲ့သည်။
ပြည်ပသို့ ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေ ငွေသားများ ဝယ်ယူနိုင်ကြောင်းလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံ သားများအနေဖြင့် ပြည်ပ သို့ထွက်ခွာရာတွင် နိုင်ငံတကာ ငွေပေးချေမှုကတ်များ (Debit Card နှင့် Credit Card) အပြင် အသေးသုံး နိုင်ငံခြားငွေ ငွေသားဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူနိုင်ရန်နှင့် တရားမဝင် ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်တို့ကို ရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန် သွားရောက်မည့်သူနှင့် ပညာ သင်သွားရောက်မည့်သူများအား ၃၁-၅-၂၀၂၃ ရက်မှ စတင်၍ လည်းကောင်း၊ ပြည်ပသို့ ထွက်ခွာသူများအနက် ဘုရားဖူး ထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်ရန် ထွက်ခွာသူများအား ၁၈-၈-၂၀၂၃ မှစတင်၍ လည်းကောင်း တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ် လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား) ရောင်းချပေးလျက်ရှိကြောင်း သိရသည်။