ဗဟိုဘဏ်ဒေါ်လာဈေးနှုန်း သတ်မှတ်ချက်ပြောင်းလဲရန်အစီအစဉ်မရှိသလို နိုင်ငံခြားဘဏ်များတွင် ငွေအဝင်၊အထွက်များ  လက်မခံတော့ဟု သတင်းထွက်ပေါ်နေမှု ကောလဟာလသာဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော 

၂၀၂၃ ၊ မတ် ၃၁  


ဗဟိုဘဏ် သတ်မှတ်ချက် တစ်ဒေါ်လာ ကျပ်၂၁၀၀ ဈေးနှုန်းပြောင်းလဲရန် အစီအစဉ်မရှိသလို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက ငွေကြေးအဝင်/အထွက်များကို လက်မခံတော့ဟု သတင်းထွက်ပေါ်နေမှုမှာ ကောလဟာလသာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်သည်။ 
လတ်တလော လူမှုကွန်ယက် စာမျက်နှာများတွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ တိုးမြှင့်သတ် မှတ်ခြင်းနှင့် အချိုသော နိုင်ငံခြားဘဏ်များတွင် ငွေကြေးအဝင်အထွက်များကို လက်မခံတော့ဟု ကောလဟာလထွက် နေမှုပတ်သက်၍ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 


“ တစ်ချိုမီဒီယာတွေလည်း ဒီမေးခွန်းတွေ မေးနေတာတွေရှိပါတယ်။ ပထမဦးဆုံးမေးခွန်းဖြစ်တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကနေပြီးတော့ ဒေါ်လာဈေးနှုန်းနဲ့ပတ်သက်ပြီး တစ်ဒေါ်လာကို ၂၁၀၀ ဈေးနှုန်းနဲ့ သတ်မှတ်ထားပါတယ်။ ဒီ ၂၁၀၀ ဈေးနှုန်းနဲ့ ပတ်သက်ပြီး သတ်မှတ်ထားချက်နဲ့ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲဖို အစီအစဉ်မရှိသေးကြောင်း ပြောကြားလိုပါတယ်။ ပြင်ဆင် ပြောင်းလဲဖို အစီအစဉ်မရှိသေးပါဘူး။နောက်တစ်ချက်ကတော့ တစ်ချိုသော နိုင်ငံခြားဘဏ်တွေနဲ့ ပတ်သက်ပြီး ယခင်အပတ် လောက်ကတည်းက ကောလဟာလထွက်နေတာရှိပါတယ်။တစ်ချိုသော နိုင်ငံခြားဘဏ်တွေပေါ့။ မြန်မာနိုင်ငံက ငွေအဝင်အ ထွက်တွေ လက်မခံတော့ဘူးဆိုပြီး ပြောနေတာတွေရှိပါတယ်။လက်တွေ့မှာတော့ ဒါ ပုံမှန်လည်ပတ်ဆောင်ရွက် နေလျက်ရှိပါ တယ်။ ပုံမှန်လည်ပတ်ဆောင်ရွက်နေတယ်။ပုံမှန်လည်ပတ်ဆောင်ရွက်နေဆဲပဲ ဖြစ်တယ်လိုပဲ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


မြန်မာနိုင်ငံ၏ ငွေကြေးစနစ်နှင့် ပတ်သက်၍ ဦးတည်ပြီးတိုက်ခိုက်နေမှုများရှိနေသကဲ့သို ယခင်ကလည်း ဘဏ်လုပ်ငန်း စနစ်များ၊ငွေရေးကြေးရေးစနစ်အား တိုက်ခိုက်မှုများရှိခဲ့သည်။ ဘဏ်နှင့်ပတ်သက်၍  ပြည်သူလူထုနှင့် စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ထိုသို ကောလဟာလများကို မယုံကြရန်နှင့် ဗဟိုဘဏ်ငွေရေးကြေးရေးဆိုင်ရာ အဖွဲအစည်းကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောကြားခဲ့သည်။ 


လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ တိုးမြှင့်သတ်မှတ်လိုက်ပြီး ဈေးနှုန်းသတ်မှတ်ရာမှာ ယခုလက်ရှိသတ်မှတ်ထားတဲ့ တစ်ဒေါ်လာကို ၂၁၀၀ကျပ်အစား ၂၅၀၀ သို တိုးမြှင့်သတ်မှတ်သည်ဟူ၍လည်းကောင်း၊ အချိုသောနိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက ငွေကြေးအဝင်/အထွက်များ  လက်မခံတော့ဟု လူမှုကွန်ယက်တွင်  ကောလဟာလများထွက်ပေါ်နေခြင်းဖြစ်သည်။

Total Views ~ 249

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43364

© 2022 - 2025 News. All Rights Reserved.