Breaking

ဗဟိုဘဏ်မှ ဒေါ်လာ ရှစ်သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံရောင်းချ

၂၀၂၄၊ ဖေဖော်ဝါရီ ၂၇
    မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်၌ နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန် ဒေါ်လာရှစ်သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
    မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီလ ၈ရက်က နိုင်ငံခြားငွေ ကြေးဈေးကွက်သို့ အမေရိကန်ဒေါ်လာ ရှစ် သန်းနှင့် ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၈ သန်း ထုတ်ရောင်းချပေးခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်က နိုင်ငံခြားငွေကြေး ဈေးကွက်အတွက် အမေရိကန်ဒေါ်လာရှစ်သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ရောင်းချပေးထားသည်။
    ပြည်ပသို့ ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေသားများ ဝယ်ယူနိုင်ကြောင်းလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ ထွက်ခွာရာတွင် နိုင်ငံတကာ ငွေပေးချေမှုကတ်များ (Debit Card ESihf Credit Card)အပြင် အသေးသုံး နိုင်ငံခြားငွေ ငွေသားဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ် နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်တို့ကိုရည်ရွယ်၍ ရန်ကုန်အပြည် ပြည်ဆိုင် ရာလေဆိပ်(သို့မဟုတ်) AD လိုင်စင်ရဘဏ် များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန် သွားရောက်မည့်သူနှင့် ပညာသင်သွား ရောက်မည့် သူများအား ၃၁-၅-၂၀၂၃ ရက်မှ စတင်၍ လည်းကောင်း၊ ပြည်ပသို့ ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရ နှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်ရန် ထွက်ခွာသူ များအား ၁၈-၈-၂၀၂၃ မှစတင်၍ လည်းကောင်း၊ တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား) ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
    ပြည်ပသို့ အမှန်တကယ် ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာ ရောင်းချပေးနိုင်ရေးအတွက် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်(ဆိုက်ရောက်)ရှိ ဘဏ်ကောင်တာသုံးခုတွင် AD လိုင်စင် ရဘဏ်များ (CB Bank PCL ၊ ကမ္ဘောဇဘဏ်လီမိတက်၊ AYA Bank PCL ၊ ယူအေဘီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်)တို့မှ နေ့စဉ်အလှည့်ကျ ရောင်းချပေးလျက်ရှိ ကြောင်းနှင့် လေဆိပ်ကောင်တာ များအပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသားရောင်းချပေးသည့် အစီအစဉ်အရ ဝယ်ယူ ရရှိနိုင်သည့် ဘဏ်ကောင်တာများတွင် CB Bank PCL ၊ မြန်မာအရှေ့တိုင်း ဘဏ်လီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်လီမိတက်၊ AYA Bank PCL ၊ ယူအေဘီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ် လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိ တက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ ရိုးမဘဏ် လီမိတက်နှင့်ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်တို့ဖြစ်ပြီး အဆိုပါ ကောင်တာများတွင် ဝယ်ယူနိုင် ကြောင်းကိုလည်း ဘဏ်များ၏ Website နှင့် Facebook Page  များတွင် ကြေညာထား ကြောင်း သိရသည်။

 

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43973

© 2022 - 2025 News. All Rights Reserved.