၂၀၂၃ အောက်တိုဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ထံ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူး စေးဖိုး ဦးဆောင်သည့်အဖွဲ့က အောက်တို ဘာ ၁၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌လာ ရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းဆောင်ရွက်ရန်အခြေအနေများကို ရင်းရင်းနှီးနှီးဆွေး နွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နှင့် တပ်မတော်အရာရှိကြီး များ တက်ရောက်ကြပြီး ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အတူ ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့ တက်ရောက်ကြကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှု၊ ကရင်ပြည်နယ် ငြိမ်းချမ်းရေး အတွက်ငြိမ်းချမ်းရေးကိုလိုလားသော ကရင်တိုင်းရင်းသားများ၏ ခေါင်းဆောင်အဖြစ် ဦးစီးဆောင်ရွက်ပေး စေလိုမှု၊ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ် လျက်ရှိမှု၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ရန်လိုအပ်လျက်ရှိမှု၊ ကရင် ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေး နွေးခဲ့ကြကြောင်း သတင်းရရှိသည်။