Breaking

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ပြီးစီး

ရန်ကုန်၊ ဇူလိူင် ၁၇
    လာမည့် ဇူလိုင် ၁၉ ရက်တွင် ကျင်းပမည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြပွဲအတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ‌ ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရန်ကုန်)မှ သိရှိ ရသည်။
    ယင်းပြတိုက်ကို ကြိုတင်ပြင်ဆင်မှုအနေဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်နှင့် (၇၇)နှစ် မြောက် အာဇာနည်နေ့ ခင်းကျင်းပြသမည့် လုပ်ငန်းစဉ်နှစ်ရပ်ခွဲကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အမျိုးသားပြတိုက်(ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက "ကျွန်မတို့အနေနဲ့ ဗိုလ်ချုပ်အောင် ဆန်းပြတိုက်ကို ထိန်းသိမ်းရာမှာ အိမ်တွင်း၊ အိမ်ပြင်ကို ခြနဲ့ပိုးမွှားများ နှိမ်နင်းလုပ်ဆောင် ပါတယ်။ ဒီနှစ်မှာ ယခင်နှစ်ကနဲ့မတူ တစ်မူထူးခြားပြီး ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ အဲဒါက ပြကွက်များကို နည်းလမ်း နှစ်သွယ်နဲ့ ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။ နည်းလမ်းတစ်ခုက ယခင်နှစ်အတိုင်း ဗိုလ်ချုပ်အောင်ဆန်း အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမယ်၊ လက်ရေးမူများနဲ့ မိန့် ခွန်းများကိုတော့ ဗိုလ်ချုပ်အောင်ဆန်း အိမ်ရဲ့ အတက်လမ်းတစ်လျှောက် ဗီနိုင်းများဖြင့် ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ ဒုတိယ နည်းလမ်းကတော့ IT နည်းပညာကို အသုံးပြုပြီး အများပြည်သူ သတိမထား မိနိုင်တဲ့ Heading Object ပြကွက်များကို ခင်းကျင်း ပြသသွားမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့ သည်။
    အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)ကို ဇူလိုင် ၁၇ ရက် မှ ၁၈ ရက်အထိ နှစ်ရက်တိုင်တိုင် ခေတ္တပိတ်ထား မည်ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့)တွင် ပြန်လည်ဖွင့် လှစ်မည်ဖြစ်ကာ ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက်လေ့လာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 248

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43844

© 2022 - 2025 News. All Rights Reserved.