၂၀၂၃ ၊ ဒီဇင်ဘာ ၄
ဗိုလ်တထောင် စေတီတော်သို့ နိုင်ငံခြားသား ဝင်ရောက်မှုမှာ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လ ကာလအတွင်း နှစ်သောင်းကျော်ရှိကြောင်း ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားသားဝင်ရောက်မှု ဦးရေ ၅၀၀၀ ကျော်သာ ရှိခဲ့ကြောင်း၊ ယခုနှစ် ၁၁ လကာလအတွင်းနှင့် နှိုင်းယှဉ်မယ်ဆိုပါက သုံးဆခန့် မြင့်တက်လာကြောင်း၊ စေတီတော်ကြီးသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီး သွားများမှာ ထိုင်း၊ ဗီယက်နမ်နှင့် ရုရှားနိုင် ငံများမှ လာရောက်ဖူးမြော်မှု အများဆုံးဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှလာရောက် ဖူးမြော်ကြကြောင်း သိရသည်။
စေတီတော် ဝင်ကြေးအနေဖြင့်လည်း ယခင်က နိုင်ငံခြားသားဧည့်သည်တစ် ဦးလျှင် ငွေကျပ် ၁၀၀၀၀ ကောက်ခံခဲ့ရာ ယခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ခေတ်ကာလနှင့် အညီ ငွေကျပ် ၅၀၀၀ ထပ်မံတိုးမြှင့်ကာ နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း သိရသည်။
ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးသည် နိုင်ငံ ခြားသားခရီးသွားများအပြင် ပြည်တွင်းခရီး သွား အများဆုံး လာရောက်လည်ပတ်သည့် ရန်ကုန်မြို့၏ သမိုင်းဝင်စေတီတော်ကြီးများထဲမှ တစ်ဆူဖြစ်ပြီး လက်ရှိတွင်လည်း ပြည်တွင်းဘုရားဖူးခရီးသွားများအနေဖြင့် နေ့စဉ် ဘုရားဖူးဦးရေမှာ ထောင်ဂ ဏန်းမှ သောင်းဂဏန်းအထိရှိလာကြောင်း ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။