ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆန်တင်ပို့နိုင်ရန် စာချုပ်ချုပ်ဆိုနိုင်ရေး လုပ်ဆောင်နေ

၂၀၂၃ စက်တင်ဘာ ၂၀
    ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၏ ဆန်လိုအပ်ချက်နှင့် မြန်မာနိုင်ငံ၏ ဆန်ရောင်းချနိုင်မှုအရ ဆန်ရောင်းဝယ်ရေးစာချုပ်များ ထပ်မံချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
    ၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ ဆန်ဖြူတန်ချိန် နှစ်သိန်းတင်ပို့ထားပြီး ထပ်မံ တင်ပို့နိုင်ရန်အတွက် စာချုပ်ချုပ်ဆိုရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
    မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ နားလည်မှုစာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန် ချိန် နှစ်သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ ကို တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
    မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၁၇ ခုနှစ် စက် တင်ဘာ ၇ ရက်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံစားနပ်ရိက္ခာဝန်ကြီးဌာန၊ ဝန်ကြီးတို့ က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
    နားလည်မှု စာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံမှ နှစ်စဉ် ဆန်ဖြူတန်ချိန် ၂၅၀၀၀၀ နှင့် ပေါင်းဆန် တန်ချိန် ၅၀၀၀၀ အား ၂၀၁၇ ခုနှစ် စက် တင်ဘာမှ ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ ဝယ်ယူရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
    အဆိုပါနားလည်မှု စာချွန်လွှာအရ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်နှင့်  ဘင်္ဂလားဒေ့ရှ် နိုင်ငံ စားနပ်ရိက္ခာဝန်ကြီးဌာန စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနတို့အကြား Sales Contract များချုပ်ဆို၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား လည်းကောင်း တင်ပို့ရောင်းချခဲ့ကြောင်း၊ တတိယအကြိမ်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဆန်ဖြူ တန်ချိန်၂၀၀၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ထားကြောင်း သိရသည်။

Total Views ~ 168

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43806

© 2022 - 2025 News. All Rights Reserved.