Breaking

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေစောင့်ရေယာဉ်များကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှု AA လက်နက်ကိုင်အဖွဲ့မှကျူးလွန်ခြင်းဟု တပ်မတော်သတင်းမှန် ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၉
    ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကမ်း‌ခြေစောင့် ရေယာဉ်အပါအဝင် အရပ်ဘက်လှေများအား မြန်မာဘက်ခြမ်းမှ လက်နက်ငယ်များဖြင့် သုံးကြိမ်တိုင် ပစ်ခတ်ခဲ့မှုသည် ဒေသတွင်း AA လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ က  ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
    သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်မှ စိန့်မာတင်ကျွန်းသို့ ကူးသန်းသွားလာနေသည့် ဘင်္ဂလားဒေ့ရှ် ရေယာဉ်များအနက် ဇွန်လ ၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရဝန်ထမ်းများ တင်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်ကမ်း ခြေစောင့်ရေယာဉ်ကို ပစ်ခတ်မှုသည် AA လက်နက်ကိုင်အဖွဲ့သာ ဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် ဇွန်လ ၈ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဘင်္ဂလားဒေ့ရှ် အရပ်ဘက် လှေနှစ်စင်းကိုလည်းကောင်း၊ ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ရှ် အရပ်ဘက် လှေနှစ်စင်းကို လည်းကောင်း မြန်မာဘက်ခြမ်းရှိ ရခိုင်ပြည်နယ် ညောင် ပင်ကြီး-ဂျင်းချောင်း ဒေသဘက်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များ အသီးသီးဖြစ်ပွားခဲ့ပြီး ယင်းပစ်ခတ်မှုသည်လည်း AA အဖွဲ့၏ ပစ်ခတ်မှု သာဖြစ်ကြောင်း အသိပေးထားသည်။
    တပ်မတော်အနေဖြင့် အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်များအား စိစစ်ရာတွင် မြန်မာ့တပ်မတော် စစ်ကြောင်းများသည် ရခိုင်ပြည်နယ် နှာခေါင်းတိုချောင်း၀ဒေသဝန်းကျင် အလယ်သံကျော်နှင့် မောရဝတီဝန်းကျင်၌လည်းကောင်း၊ အချို့စစ်ကြောင်းများသည် မောင်တောဒေသတစ်ဝိုက်၌ လည်း ကောင်းအခြေပြုခြင်း၊ AA အဖွဲ့နှင့် အပြန် အလှန်ပစ်ခတ်ခြင်းအချို့သာရှိခဲ့ပြီး ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နေရာတစ်ဝိုက်တွင် မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် စစ်ကြောင်းများမရှိကြောင်း သိရှိရသည်။ မြန်မာ့တပ်မတော် စစ်ရေယာဉ်များသည် ဇွန် ၅ ရက်နှင့် ၁၁ ရက်တွင် လှုပ်ရှားမှုမရှိခဲ့ဘဲ ဇွန် ၈ ရက်တွင် အလယ်သံကျော်၊ နှာခေါင်း တိုချောင်းဝမှ မောင်တောဒေသသို့ သွားရောက်သည့် ခရီးစဉ်ရှိခဲ့ပြီး ၎င်းင်းခရီးစဉ်မှာလည်း ညပိုင်းတွင် သွားရောက်ခဲ့သည့် ခရီးစဉ်များဖြစ်ကြောင်း အသိပေးထားသည်။
    ထို့အပြင် ဘင်္ဂလားဒေ့ရှ်ရေယာဉ်များ ပစ်ခတ်ခံရသည့် အချိန်များတွင် ၎င်းနေရာဝန်းကျင်၌ တပ်မတော်စစ်ကြောင်းများ၊  စစ်ရေယာဉ်များ လှုပ်ရှားသွားလာခြင်း မရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အစိုးရ၊ တပ်မတော် အချင်းချင်းရင်းနှီးသော ဆက်ဆံမှုများရှိပြီး နှစ် နိုင်ငံနယ်ခြားဒေသ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးလျက်ရှိကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။

Total Views ~ 169

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43849

© 2022 - 2025 News. All Rights Reserved.