Breaking

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မူးယစ်ဆေးဝါးပို့ဆောင်ရေး AA နှင့် ARSA ချိတ်ဆက်ဆောင်ရွက်နေဟု ဆို

၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၇
    ရခိုင်ပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါးများကို AA လက်နက်ကိုင်အဖွဲ့က ယူဆောင်လာပြီး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ပို့ဆောင်ရေးအတွက် အကြမ်းဖက်အဖွဲ့ဖြစ်သည့် ARSA နှင့် ချိတ်ဆက်ဆောင်ရွက် လွှဲပြောင်းဆောင်ရွက်နေကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
    "အမှန်တော့ ဒီ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နဲ့ ARSA ဘင်္ဂါလီသောင်းကျန်းသူ အဖွဲ့တွေက အရင်ကတည်းက အဆက်အသွယ်ရှိပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက အဆက်အသွယ်ကတော့ မူးယစ်ဆေးဝါးလုပ်ငန်းပဲ ဖြစ်တယ်။ စိတ်ကြွရူးသွပ် ဆေးပြားများ၊ WY ဆေးပြားများ၊ ICE မူး ယစ်ဆေးဝါး များကို AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲအထိ သွင်းယူလာတာ ဖြစ်ပါတယ်။ ဒီဟာတွေက ဘယ်ကနေထွက်တယ်၊ ဘယ်နေရာကနေ သွားတယ်ဆိုတာ အထောက်အထားအပြည့်အစုံနဲ့ AA က အဖွဲ့ဝင်တွေ၊ အရာရှိကြီးများကိုယ်တိုင် သူတို့ပြောနေတဲ့ AA ရဲ့ စစ်ဘက်သူတို့ ခေါင်းဆောင်လို့ ပြောနေတဲ့သူများ ကိုယ်တိုင်ပါဝင်ပတ်သက်တာ ဖြစ်ပါတယ်။ အကြိမ်ကြိမ်လည်း ဖမ်းဆီးရမိပြီး ဖြစ်ပါတယ်။ သက်သေအထောက်အထားနဲ့လည်း ကျွန်တော်တို့ ထုတ်ပြန်ပြီးဖြစ်တယ်။ ဒီဟာတွေကို အဓိက ပင်လယ်ထွက်ပေါက်ကနေ ပို့တာရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ပို့တာရှိတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံထဲမှာလည်း မကြာခဏ ဖမ်းဆီးရမိတာရှိတယ်။ နယ်စပ်အထိ AA အဖွဲ့က တာဝန်ယူပြီး ဟိုဘက်မှာ ARSA အဖွဲ့နဲ့ချိတ်ပြီး လွှဲပြောင်းပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
    ဆက်လက်၍ AA လက်နက်ကိုင် အဖွဲ့အနေဖြင့် ARSA အဖွဲ့ကို လက်နက်ထောက်ပံ့မှု ပြုလုပ်နေကြောင်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက "ရဲစခန်းတွေက ဆုံးရှုံးခဲ့ရတဲ့ လက်နက်တွေကို ARSA အဖွဲ့ကို ထောက်ပံ့ပြီးတော့ သူတို့ထောက်ပံ့တယ် ဆိုတာမဖြစ်အောင်၊ ပြီးရင် စောင့်ကြည့်နေတဲ့ ရခိုင်ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်"ဟုပြောသည်။
    ထို့အပြင်  AA သောင်းကျန်းသူ တွေအနေဖြင့် အခုရက်ပိုင်းအတွင်း မွတ်စလင်အသိုင်းအဝိုင်းနှင့် ပတ်သက်ပြီး ထူးထူးခြားခြား ပြောဆိုနေ၊ ထုတ်လွှင့်နေမှုများရှိကြောင်း၊ ဘူးသီးတောင်-မောင်တော တွင်ရှိသည့် မွတ်ဆလင်များကို စစ်သားစုဆောင်းနေကြောင်း ကောလာဟလများ ဆက်တိုက် ထုတ်လွှင့်ပြီး ဘူးသီးတောင်-မောင်တော ဘက်ရှိ AA အနေဖြင့် မွတ်ဆလင်ကျေးရွာတွေက ကိုယ်စားလှယ်များခေါ်ပြီး တပ်မတော်နှင့် မပူးပေါင်းရန်၊ AA လက်နက်ကိုင် အဖွဲ့သို့ဝင်ရန် ခြိမ်းခြောက်ပြော ဆိုနေကြကြောင်း သိရသည်။

Total Views ~ 169

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43973

© 2022 - 2025 News. All Rights Reserved.