၂၀၂၃ အောက်တိုဘာ ၂၈
ထိုင်းနိုင်ငံ၏ နာမည်ကျော် Developer ဂရုဖြစ်သည့် Asset Wise Developer Group ၏ ဘန်ကောက်မြို့ရှိ အိမ်ရာကွန်ဒိုများအား One Bangkok Realty ကုမ္ပဏီနှင့် ပူးပေါင်း၍ ကျင်းပသည့် ဘန်ကောက်ကွန်ဒိုအရောင်းပြပွဲအားအောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက် ထိ ရန်ကုန်မြို့ရှိ Wyndham Grand ရန်ကုန်ဟိုတယ်တွင် နှစ်ရက်တာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Direct Go Travels & Tours ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဒေါ်နီလာဝင်းက“ဒီနေ့ One Bangkok Realty ကုမ္ပဏီကနေ ဘန်ကောက်ကနေလာပြီးတော့ ပရိုမိုးရှင်း နှစ်ရက်တာ ကျင်းပမှာဖြစ်ပါတယ်။ ပရောဂျက်အနေနဲ့ Asset Wise ကုမ္ပဏီရဲ့ ပရောဂျက် ခြောက်ခုကို ယူလာပြီး တော့ ပရိုးမိုးရှင်းလုပ်တာ ဖြစ်ပါတယ်။Asset Wise ကုမ္ပဏီကတော့ ထိုင်းနိုင်ငံမှာ နှစ် ၂၀ လောက်ကြာတဲ့ ကုမ္ပဏီဖြစ်တယ်။ အခုလိုမျိုးပရိုးမိုးရှင်းလုပ်ခြင်းအားဖြင့် အိမ်ခြံမြေဈေးကွက်အတွက် ဝယ်သူအတွက်ရော၊ ရောင်းသူအတွက်ရော အခွင့်အရေးတွေအများကြီးရရှိသွားမှာပါ။ လေယာဉ် လက်မှတ် ၊ Gift Voucher လက်ဆောင်ပေးတာ တို့၊ ကားမဲနှိုက်ပေးတာတို့ ထိုင်းမှာရှိတဲ့ မြေခွန်တွေ နှစ်စဉ်ကြေးတွေ Free ပေးတာတို့ ဒါလေးတွေအတွက် သက်သာသွား မှာပေါ့။ကွန်ဒို ဝယ်မယ်ဆိုလို့ရှိရင် သိန်းချီကုန်မယ့်နေရာမှာ ဒီပွဲမှာ လာပြီး ရင်းနှီးမြှုပ်နှံ ထားမယ်ဆိုရင်တော့ ဒီအတွက်ကို အများ ကြီးသက်သာသွားမယ်။ဒီပွဲမှာ နှစ်ရက်အတွက်ကတော့ ကွန်ဒိုတွေကို မိတ်ဆက်ပေးမယ်။လာပြီးတော့ Regrister လုပ်ထားမယ်ဆိုရင် ပြီးတော့မှ ဘန်ကောက်ရောက်မှပဲ သွားပြီးရွေးချယ်လို့ရမယ့်အခွင့် အ ရေးတွေရှိပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ ကွန်ဒိုအရောင်းပြပွဲတွင် ဘန်ကောက်မြို့မြို့သစ်စီမံကိန်းရှိ ကွန်ဒိုများ၊ Luxuzy အိမ်ရာကွန်ဒို များနှင့် အထပ်မြင့်အဆောက်အဦးများအား ပါဝင်ပြသခဲ့ပြီး လာရောက်ရင်းနှီးမြှုပ်နှံသူများအား ဘတ်ရှစ်သိန်းအထိ ပါဝင်သည့် အထူးလျော့ဈေးများ၊ ပရိဘောဂများ၊ ဘတ် ငါးသောင်းတန်ဖိုးရှိ ဘောက်ချာများအား ပရိုမိုးရှင်းအနေ ဖြင့် ထည့်သွင်းပေးအပ်ခဲ့ကြောင်း သိရသည်။