ဘီးလင်းမြိုနယ်တွင် လုံခြုံရေးအဖွဲ့အား အကြမ်းဖက်အုပ်စု PDF က Drone ၁ စင်းဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့၍ ကျောင်းသား ၂ ဦးသေဆုံးမှုဖြစ်

၂၀၂၃ ၊ မေ ၂၉ 

ပြီးခဲ့သည့် မေလ  ၂၇ရက် နံနက် ၈နာရီ ၁၅မိနစ်အချိန် ကျိုက်ထိုခရိုင် ဘီးလင်းမြို့နယ်၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ ဒေါင်းရွာကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမတစ်လျောက်တွင် ရတအမတ(၃၁၄)မှ လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက် အုပ်စု PDF/သကသ စိစစ်ဆဲများမှ Drone ၁ စင်းဖြင့် Drop Bomb ၂ လုံးပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဒေါင်းရွာကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးနေ ဦးစောဘခက်(၅၆)နှစ် ဒေါင်းကျေးရွာနေသူ၏ နေအိမ်အတွင်းသိုကျရောက်ပေါက်ကွဲခဲ့သဖြင့် ၎င်း၏သား ၂ ဦး (စိစစ်ဆဲ)တို့ ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းရရှိခဲ့ပြီး မမစမှူး(ဘီးလင်း)တာ၀န်ရှိသူတစ်ဦး ထံသို့ ဦးစောဘခက်က ဖုန်းဆက်သွယ်လာခဲ့သဖြင့် စိစစ်ရာ အကြမ်းဖက်အုပ်စု PDF ကပစ်ခတ်ခဲ့သည့် Drop Bomb ၂ လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်ခြံဝင်းအတွင်း နွားစာကျွေးနေသော ဦးစောဘခက်၏ တူများဖြစ်ကြသည့် စောမိုးထက်(၁၆)နှစ်  ၇ တန်းကျောင်းသား (အထက-အဝင်းကြီး) (ဖ)ဦးခေးအောင်တွင် ဝဲလက်/ ဝမ်းဗိုက်(အူပေါက်)/ ဝဲပေါင်တိုတွင် ဗုံးစထိမှန် ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၃ ချက်ဖြင့်လည်းကောင်း၊ စောမော်ခါး(၁၆)နှစ်  ၇ တန်း ကျောင်းသား(အထက-အဝင်းကြီး) (ဖ)ဦးစေဘခက်တွင် ဝဲခြေသလုံး(ကျိုးပဲ့)/ယာ လက်ကောက်ဝတ် (ပြတ်ထွက်)မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၂ ချက်တိုဖြင့်အသီးသီး သေဆုံးခဲ့ကြောင်း အကြောင်းကြားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်အရပ်မှာလုံခြုံရေးအခြေအနေအရ သက်ဆိုင်ရာမှ သွားရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

Total Views ~ 207

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43499

© 2022 - 2025 News. All Rights Reserved.