ဘူးသီးတောင်မြိုနယ်အတွင်းရှိ ကျေးရွာ အချိုမှ ကျေးရွာအုပ်စုကော်မတီဝင်များ၊ မော်လဝီဆရာများအားခေါ်ယူ၍AAလက်နက်ကိုင်အဖွဲက အစည်းအဝေး ပြုလုပ်

၂၀၂၃၊ ဇန်နဝါရီ ၆

ရခိုင်ပြည်နယ်၊ဘူးသီးတောင်ျ ေမြိုနယ်၊ သိမ်တောင်ပြင်ကျေးရွာအုပ်စု၊ သိမ်တောင်ပြင်(မူ)ကျေးရွာတွင် ဇန်နဝါရီလ ၃ ရက်နံနက် ၁၁ နာရီခွဲမှ ၁၂ နာရီအထိ အခြေပြုလှုပ်ရှားလျက်ရှိသော AA လက်နက်ကိုင်အဖွဲမှ ခရိုင်မှူးအဆင့်ရှိ ခိုင်ကျော်မိုး ဦးစီးအင်အား ၁၅ ဦး ခန့်သည် ဘူးသီးတောင်မြိုနယ်အတွင်းရှိ ဘုရားပြင်ကျေးရွာ၊ ပြိုင်တောင်(ဘင်္ဂါလီ) ကျေးရွာ၊ ဒုအိုးသည်မကျေးရွာ၊ ပေါက်တောကျေးရွာ စသည့်ကျေးရွာများမှ ၎င်းတိုအဖွဲ ခန့်အပ်ထားသည် ကျေးရွာအုပ်စုကော်မတီဝင်များ၊ မော်လဝီဆရာများစုစုပေါင်း ၆၀ ဦးခန့်အားခေါ်ယူ၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးတွင် ခရိုင်မှူးအဆင့်ရှိ ခိုင်ကျော်မိုးမှ ရခိုင်နိုင်ငံထူထောင်နိုင်ရေးအတွက် ၎င်းတိုအဖွဲမှ တိုက်ပွဲဝင်လာခဲ့ရာ ယခု ၈၀ ရာခိုင်နှုန်းအောင်မြင်နေပြီဖြစ်၍ ရာနှုန်းပြည့်အောင်မြင်ရန်အတွက် မူဆလင်လူမျိုးများမှ မိမိတိုတပ်တော်နှင့် ပူးပေါင်းလက်တွဲရန်လိုကြောင်း၊ ဗမာအစိုးရတပ်များနှင့် လုံးဝပတ်သက်ဆက်နွှယ်မှုမပြုလုပ်ရန်နှင့် ကျေးရွာများအတွင်း မှုခင်းဖြစ်စဉ်များကိုလည်း ၎င်းတိုအဖွဲထံ တိုင်ကြားကြရန်၊ မူဆလင်လူမျိုးများအနေဖြင့် မိမိတိုတပ်တော်နှင့် ပူးပေါင်း၍ ရခိုင်နိုင်ငံတော်ထူထောင်နိုင်ပါက မူဆလင်လူမျိုးများကိုလည်း သက်ဆိုင်ရာ ဌာနအလိုက် သင့်တော်သလိုနေရာပေး၍ ခန့်အပ်တာဝန်ပေးသွားမည်ဟု ပြောဆိုစည်းရုံးကာ ၁၂ နာရီ၁၀မိနစ်ခန့်တွင် ၎င်းအဖွဲသည် အောင်ဇေယျကျေးရွာဘက်သို ဆိုင်ကယ် ၈ စီး ဖြင့် ထွက်ခွာသွားကြောင်း သိရှိရသည်။

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43101

© 2022 - 2025 News. All Rights Reserved.