ရန်ကုန်၊ ဇွန် ၄
မကွေးတိုင်းဒေသကြီးအတွင် မိုးရာသီကာလ ကျေးရွာ ၂၆၇ ရွာတွင် တစ်ရွာလျှင် အနည်းဆုံး နှစ်ဧကနှုန်းဖြင့် တမာ၊ ယင်းမာ၊ ယူကလစ်၊ ဒဟတ်၊ ရှားစသည့် ဒေသနှင့်ကိုက်ညီသည့် အရိပ်ရလေကာပင်များ စိုက်ပျိုးသွားမည်ဖြစ်ရာ အောက်ခြေဝန်ထမ်းမှ ဦးစီးမှူးအဆင့်အထိဆုပေးဒဏ်ပေး စနစ်များ ကျင့်သုံးပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က တိုက်တွန်းပြောကြားသည်။
"နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အရ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ဖို့(မကွေး၊ မင်းဘူး၊ သရက်၊ ချောက်၊ အောင် လံ၊ မြို့နယ် ၁၇ မြို့နယ်၊ ကျေးရွာ ၂၆၇ ရွာ၊ စုစုပေါင်း ၇၈၇ ဧကမှာ ကျေးရွာတစ်ရွာကို အနည်းဆုံးနှစ်ဧကနှုန်းနဲ့ တမာ၊ ယင်းမာ၊ ယူကလစ်၊ ဒဟတ်၊ ရှားစတဲ့ဒေသနဲ့ ကိုက်ညီတဲ့ အရိပ်ရလေကာပင်တွေ စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနများအနေနဲ့ စိုက်ပျိုးပင်များ ရှင်သန်စေရေးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားဖို့နဲ့ လုပ်ငန်းများဆောင် ရွက်ရာမှာ အောင်မြင်မှုအလိုက် အောက်ခြေဝန်ထမ်းမှ ဦးစီးမှူးအဆင့်အထိ ဆုပေးဒဏ်ပေးစနစ်တွေ ကျင့်သုံးပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ မှာကြားလိုပါတယ်"ဟု ၎င်းက ပြောသည်။
မေလ ၃၁ ရက်က မကွေးတိုင်း ဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အောင်မြင်စွာ အကောင်အ ထည်ဖော်ဆောင် ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅^၂၀၂၄)ကို မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။