၂၀၂၃ အောက်တိုဘာ ၃
၂၀၂၃ ခုနှစ်အတွက် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့ရှိ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအနက် ရဲဗလတံ ဆိပ်လေးဆုနှင့် ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ် ၂၁ ဆုတို့ကို နိုင်ငံတော်က အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှလည်း အထူးမှတ်တမ်းတင် ဂုဏ်ပြုလိုက်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂၄ ဦးကို ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ် ၂၄ ဆု ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်လည်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရှိ စွမ်းစွမ်း တမံ ဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂၀၉ ဦးကိုနိုင်ငံတော်မှ ရဲသူရတံဆိပ်တစ်ဆု၊ ရဲဗလတံဆိပ် ဆု ၅၀ နှင့် ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ် ၁၁ ဆုတို့ကို အသိအမှတ် ပြုဂုဏ်ပြုချီးမြှင့်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နိုင်ငံတော်တာဝန်ကို တပ်မတော်က ဦးဆောင် တာဝန်ထမ်းဆောင်သည့် အချိန်မှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း တပ်မတော်နှင့်အတူ နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ပူးတွဲလိုက်ပါဆောင်ရွက်ခဲ့ရာတွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ နယ်မြေအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတာဝန် ဆောင်ရွက်ခဲ့တဲ့အတွက်ကျဆုံး၊ ဒဏ်ရာရရှိသူ စုစုပေါင်း ၃၃၃ ဦးအနက် ကျဆုံးသည့် တပ်ဖွဲ့ဝင် ၅၇ ဦးနှင့် ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင် ၂၇၆ ဦး ရှိကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က ပြောသည်။
၂၀၂၃ခုနှစ် အောက်တိုဘာလ ၁ရက်တွင် ကျရောက်သည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့အခမ်းအနားကို မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ် သည်။
အဆိုပါအခမ်းအနားတွင် မကွေး တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း အကြမ်းဖက်အုပ်စု ဏီၤ အဖွဲ့များနှင့် စွမ်း စွမ်းတမံ တိုက်ပွဲဝင်စဉ်က ဒဏ်ရာရ၊ ကျဆုံး ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တပ်မတော် အရာရှိ ကြီးများ၊ တရားသူကြီးချုပ် ဦးမြင့်သိန်း၊ လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လင်းထွဋ်တို့က ဂုဏ်ထူးဆောင် တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းမှစတင်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့ရာ ၁၉၆၄ ခု နှစ် အောက်တိုဘာ ၁ ရက်တွင် ပြည်သူလူ ထုအကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာ ကွယ်စာင့်ရှောက် သယ်ပိုးရန် ရည်ရွယ်ကာ ပြည်သူ့ရဲတပ်ဖွဲ့ဟု အမည်ပြောင်းလဲခဲ့ပြီး ယင်းနေ့ကို ရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ ကြောင်း၊ ထို့အပြင် ၁၉၉၅ ခုနှစ် အောက်တို ဘာလ ၁ ရက်မှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ကာ ပြည်သူ့အ ကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲ တပ်ဖွဲ့ ပေါ်ပေါက်လာစေရေး အသွင်သဏ္ဌာန်ရော၊ အနှစ်သာရပါ ပြောင်းလဲအောင် စီမံဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။