မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးပြတ်နေစဉ် အပူချိန်များပြီး ချွေးထွက်လွန်ကာ မိသားစုဝင် ၄ ဦး မူးမေ့မှုဖြစ်ပွား

၂၀၂၃ ဧပြီလ ၂၈

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက် မဟာဘောဂလမ်းတွင် မိသားစုဝင် ၄ ဦး နေအိမ်တိုက်ခန်းအတွင်း မီးပြတ်နေချိန် အပူချိန်များပြီး ချွေးထွက်လွန် မူးမေ့မှု ဖြစ်ပွား ခဲ့တယ်လို့ လောက ဟိတာ ဝဟ လူမှုကူညီရေးအဖွဲ့ (ကျီတော်)မှ သိရပါတယ်။

ဧပြီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲ အချိန်ခန့်က နေအိမ်တိုက်ခန်းအတွင်း မီးပြတ်နေချိန် ရာသီဥတုအပူဒဏ် ကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၁ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့သည် ချွေးထွက်လွန်ကာ သတိလစ်သည့် ဝေဒနာများခံစားနေရကြောင်း အကူညီ တောင်းခံလာလို့ ကျီတော် လူမှုကူညီရေးအဖွဲ့ မှ လူနာတင်ယာဉ်နှစ်စီး အင်အား ငါးယောက်တို့ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ် သို့ မပို့ဆောင်မှီ လူနာများ သတိရစေရန်မြေပြင်ရှေးဦးသူနာပြု လုပ်ငန်းစဉ်များလု ပ် ဆောင်ခြင်း၊ ရေပတ်ဝတ်တိုက်ခြင်း များဆောင်ရွက်ပြီးနောက် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်မှ ခလေး ငယ်အား ခလေးဆေးရုံလွှဲပြောင်းပါ၍ ပို့ဆောင်ကူညီပြီး အခြေ အနေကောင်းလာလို့  ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ ကျန်သူတွေကို စောင့်ကြည့်ကုသနေ တယ်လို့လည်းဆိုပါတယ်။

 ပြည်သူများ နေအိမ်တိုက်ခန်းနေထိုင်ပါက လေဝင်လေထွက် ကောင်းကောင်းရသော နေရာများ နေကြပါရန် လောက ဟိတာဝဟ လူမှုကူညီရေးအဖွဲ့ (ကျီတော်) အသိပေးနှိုးဆော်ထားပါတယ်။

Total Views ~ 195

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43368

© 2022 - 2025 News. All Rights Reserved.