၂၀၂၃ ၊ဖေဖော်ဝါရီ ၃
ယမန် နေ့(ဖေဖော်ဝါရီ၂)နံနက် ၁၁နာရီ ၅ မိနစ်အချိန်တွင် ပြည့်ဖြိုးလင်း(ခ)ကိုဖြိုးစံပြဖဆပလရပ်ကွက် မင်္ဂလာတောင်ညွန့်မြိုနယ်နေသူကို တိုင်တန်း ချက်အရ ဖမ်းဆီးခဲ့ပြီး ၎င်းအား (ပ)၅၉/၂၀၂၃ ၊ရာဇသတ် ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည့်ဖြိုးလင်းသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်မှအာဏာထိန်းပြီးနောက်ပိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ဆူပူဆန္ဒပြမှုများတွင်ပါဝင်ခဲ့ကြောင်း၊၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်း၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့ (Silent Strike)အသံတိတ်သပိတ်လုပ် ဆောင်နေသည့် ရန်ကုန်မြိုအ တွင်း လူအသွားအလာမရှိသည့်လမ်းများအား မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ “အမှန်တ ရားကိုရရင်ရ၊ ပြန်မရရင် အ ဆုံးထိသွားမှာပါ ပြည်သူ့အောင်ပွဲ ဒိုအောင်ပွဲဟေ့”ဟု ၎င်းအသုံးပြုသည့်Phyaephyo Lin Facebook အကောင့်ဖြင့် Post တင်ခြင်း၊ Share ခြင်းများ ပြုလုပ်ထားသည်ကို စစ် ဆေးတွေ့ရ သဖြင့် အမှုဖွင့်တိုင် တန်းခြင်းဖြစ်ကြောင်းနှင့်၎င်းအားအင်းစိန်ဗဟိုအကျဉ်း ထောင်၌ အမှုဖြင့် ချုပ်နှောင် ထားကြောင်း သိရသည်။