၂၀၂၃ စက်တင်ဘာ ၁၀
မန္တလေးမှာ ချစ်သူစုံတွဲအား ဓါးထောက်လုယက်သူတွေကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကူညီရေးအသင်းထံက သိရပါတယ်။
စက်တင်ဘာလ ၉ရက်နေ့ ညပိုင်းအချိန်က အောင်မြေသာစံမြို့နယ်၊ ၆၂လမ်းနဲ့ ၁၂လမ်းမှာ ချစ်သူစုံတွဲကို လူနှစ်ဦးက ဓါးထောက်လုယက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
"တယောက်က အုတ်စက်နဒီချောင်းထဲ ခုန်ချပြီး ဗေဒါတောထဲပုန်းနေတာ၊ အဲ့ဒါကို ရပ်ကွက်ကလူတွေက ဝိုင်းဖမ်းကြတာ။ တစ်ယောက်တော့မိသွားတယ်"လို့ ဆိုထားပါတယ်။
လုယက်သူများသည် ချစ်သူစုံတွဲထံက ဆိုင်ကယ်နဲ့ ဖုန်းများကို လုယူခဲ့သည့်အပြင် ရိုက်နှက်ကာ ထွက်ပြေးသွားခဲ့ပြီး လမ်းသွားလမ်းလာပြည်သူတွေနဲ့ ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် တစ်ဦးကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။