Breaking

မန္တလေးမြို့ရတနာပုံ ဥယျာဉ်တွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

၂၀၂၃ အောက်တိုဘာ ၂၃
    အဘိဓ္ဓာ အခါတော်ကာလ မြန်မာ့ရိုးရာသီတင်းကျွတ် မီးထွန်းပွဲတော်ကို မန္တလေးမြို့ နန်းမြို့ ရိုးနှင့် ကျုံးရေပြင်အကြား ရတနာပုံဥယျာဉ်တွင် စည်ကားစွာကျင်းပ မည်ဖြစ်သည်။ 
    ပွဲတော်ရက်နီးကပ်လာရာ ပွဲတော်အတွင်း  ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယခုရက်ပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သုံးထပ်ဆောင် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး ဖြစ် သည်။
    အစီအစဉ်အရ မြန်မာ့ရိုးရာ သီတင်းကျွတ် မီးထွန်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့ မတိုင်မီနှင့် လပြည့်နေ့တို့၌ ကျင်းပသွားမည်ဖြစ်ကာ ဆီမီးထွန်းညှိ၍ ပူဇော်ခြင်း၊ ကျုံးရေပြင်အတွင်း ဆီမီးခွက်များ မီးထွန်းညှိ၍ ရေမျှောပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းများကို စည်ကားစွာပြု လုပ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ကြည့်ရှုနိုင်ရန် မြန်မာမှုနှင့် ခေတ်ပေါ်တေး သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ရိုးရာခြင်းလုံးခတ်ခြင်း၊ ဆင်အကများဖြင့် တင်ဆက်ဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာ အစားအစာများဖြင့် စတုဒိသာကျွေးမွေးဧည့် ခံခြင်းတို့အပါအဝင် အခြားအစီအစဉ်များကို လည်း စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိသည်။
    လက်ရှိတွင် ပွဲတော်စည်ကား သိုက်မြိုက်စွာ ကျင်းပရေးနိုင်ရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော် မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးထားပြီဖြစ်ပြီး ကဏ္ဍအလိုက်လုပ်ငန်းများ ဆောင်ရွက်ရာ တွင် လစ်ဟာမှုမရှိစေရေး အားလုံးပူးပေါင်းကာ အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo: ယခင်ကျင်းပခဲ့သော ပုံဟောင်း

Total Views ~ 222

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43865

© 2022 - 2025 News. All Rights Reserved.