ရန်ကုန်၊ အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီးအောင် မြေသာစံမြို့နယ် ဒေါနဘွား ရပ်ကွက်ရှိ အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နည်းပညာပံ့ပိုးမှုဖြင့် အထည်ချုပ်သင် တန်းကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်က အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)သို့ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သွားရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နည်းပညာပံ့ပိုးမှုဖြင့် အထည်ချုပ်သင်တန်းကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှု အခြေ အနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့အပြင် အထည်ချုပ်သင်တန်းကျောင်းများကို အစီအမံများ စနစ်ကျရေး ဆွဲဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မှာကြားခဲ့သည်။
အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ ထို့နောက် သင်တန်းကျောင်းတည်ထောင် ဖွင့် လှစ်ခဲ့သည့်ကာလ ဆယ်စုနှစ်တစ်ခု ကျော်လွန်ချိန်တွင် သင်ကြားရေးပိုင်းဆိုင်ရာတွင် ခေတ်နှင့်လျော်ညီသည့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လိုအပ်လာခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ၂၇ လကြာ သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်းသိရသည်။ နဒီ