Breaking

မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးထပ်မံကြေညာ

၂၀၂၄ ၊ မတ် ၅
    မတ်လ ၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် (၃/၂၀၂၄) နှင့် (၄/၂၀၂၄) အရ  အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ 'မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူ' မြို့နယ်တို့အား စစ်အုပ်ချုပ်ရေး Martial Law ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။
    အထက်ပါ မြို့နယ်သုံးခုကို စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ်ထပ်မံထည့်သွင်း လိုက်ခြင်းကြောင့် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် စုစုပေါင်း ၆၁ မြို့နယ်အထိရှိလာပြီး စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံခဲ့ရသည့် မြို့နယ်များသည် ရန်ကုန်တိုင်းတွင် ခုနစ်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ငါးမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ငါးမြို့ နယ်၊ ချင်းပြည်နယ်တွင် ငါးမြို့နယ်၊ ကရင် ပြည်နယ်တွင် နှစ်မြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် နှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေ သကြီးတွင် ၁၄ မြို့နယ်၊ ကယားပြည်နယ်တွင် လေးမြို့နယ်၊ မွန်ပြည်နယ်တွင်တစ် မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ၁၃ မြို့နယ်တို့ ရှိပြီဖြစ်သည်။
    အမိန့်အရ တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေများ ပေါ်မူတည်၍ မိမိကိုယ်တိုင် သော် လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်ပေး၍သော်လည်း ကောင်း စစ်အုပ်ချုပ်ရေးကို ကျင့်သုံးနိုင်ကြောင်း တစ်ဆက် တည်း ထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် (၄/၂၀၂၄) စစ်အုပ်ချုပ်ရေး ကြေညာထားသည့် နယ်မြေအတွင်းရှိ ဒေသ အုပ်ချုပ်ရေးအဖွဲ့ အသီးသီး၊ ၎င်းင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို အရှေ့မြောက်တိုင်းတိုင်းမှူး ၏ကွပ်ကဲမှုဖြင့် ဆောင်ရွက်ရမည်ဟု ညွှန်ကြားထား သည်။
    တိုင်းမှူးသည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း စစ်နယ်မြေမှူးများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခန့်ထားနိုင်ပြီး စစ်အုပ်ချုပ်ရေး ဒေသအတွင်း မိမိကိုယ်တိုင်ဖြစ်စေ၊ တိုင်းမှူးမှ တာဝန်လွှဲအပ်ထားသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်ဖြစ်စေ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရားရုံးများဖွဲ့စည်းခြင်း၊ စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အတည်ပြုခြင်း၊ အယူခံခြင်း၊ ပြင်ဆင်မှု လျှောက်ထားခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။
    အရှေ့မြောက်တိုင်း တိုင်းမှူးအနေဖြင့် မိမိ၏တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင် ကြောင်းလည်း သိရသည်။

Total Views ~ 223

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43965

© 2022 - 2025 News. All Rights Reserved.