Breaking

မန်းရွှေစက်တော်ဘုရားကြီးအား ဘုရားပွဲတော်ကာလမတိုင်မီ ရှေးမူလက်ရာမပျက် အပြီးပြုပြင်မည်

၂၀၂၃ အောက်တိုဘာ ၉
    မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက် တော် ဘုရားကြီးအား မိုခါမုန်တိုင်းကြောင့်နှင့် ယခုနှစ် မိုးများစွာရွာသွန်းပြီး ဘုရားပေါ်သို့ မန်းချောင်းရေ ဖြတ်ကျော် စီးဆင်းခဲ့မှုများ ကြောင့် ဘုရားပရဝဏ်အတွင်း ထိခိုက်ပျက် စီးခဲ့မှုများအား ရှေးမူလက်ရာမပျက် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်သည်။
    မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ပြောကြားမှုအရ ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်ရာ၌ ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲ တော်ရက်ဖြစ်သည့် လာမည့် ဇန်နဝါရီ ၂၅ ရက်မတိုင်မီ အပြီး ဆောင်ရွက်မည်ဟုဆိုသည်။
    ပြုပြင်ရာတွင်  အထက်ကိုးခန်းကြီး ဘုရားနှင့် နှစ်ကျိပ်ရှစ်ဆူ ဘုရားကြား မိုခါမုန်တိုင်းကြောင့် တောင်စောင်းမြေပျိုကျမှု အား မြေထိန်းနံရံ ကျောက်ကြီးစီ၍ ရေမြောင်းများ ပြုပြင်ဆောင်ရွက်ခြင်း၊  မန်းရွှေ စက်တော်ဘုရားအဝင် (၃)မိုင်လမ်းတွင် ဘု ရားဖူးကားများ သွားလာရေး အဆင်ပြေ စေရန် (Box Corvert) တံတားငယ်နှစ်စင်းကို ထပ်မံတိုးချဲ့ ဆောက်လုပ်ခြင်းများဆောင် နေကြောင်း သိရသည်။
    ထိုအပြင် အထက်စက်တော်ရာ ခြေလျင်အတက် စောင်းတန်း မုခ်ဦးအောက်ခြေ၌ မန်းချောင်း ရေ တိုက်စားမှုဖြစ်ပွားခဲ့ခြင်းကြောင့် ရေတိုက်စားမှု ကာကွယ်ရေး လုပ်ငန်းများကို မကွေးတိုင်းဒေ သကြီး မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ မန်းချောင်းတစ်လျှောက် ပြင် ဆင်ဆောင်ရွက်ခြင်း၊ အောက်ခြေတော်ရာ ရင်ပြင် မန်းချောင်းရေ ဖြတ်ကျော် စီးဆင်း ခဲ့မှုကြောင့် အောက်စက်တော်ရာ တိုးချဲ့ရင်ပြင် အရှေ့ဘက်ခြမ်း၌ မြေကျွံ၍ နိမ့်ဆင်းမှု ဖြစ်ပွားခဲ့ပြီး ရင်ပြင်တော်နှင့် နဂါးရေအိုင် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည် ဟုဆိုသည်။
    အလားတူ အောက်စက်တော်ရာ တိုင်လုံးကြီးများနှင့် ဘုံခုနစ်ဆင့်အားလည်း မြန်မာမှု မြန်မာ့ဟန် ရှေးမူလက်ရာမပျက် ပန်းချီ၊ ပန်းပု၊ ပန်းဆွဲ ပညာရှင်များဖြင့် ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွား မည်ဖြစ်ကာ ကိုးခန်းကြီးဘုရားမှ အထက်စက်တော်ရာ အတက်လမ်းအား တိုးချဲ့ စောင်းတန်း မုခ်ဦးလှေကားအားလည်း အ ဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။
    ဆက်လက်၍ အောက်စက်တော်ရာမှ အထက်စက်တော်ရာ ခြေလျင်အတက် လမ်းစောင်း တန်းတစ်လျှောက် အင်္ဂတေ ကွာကျမှုများ၊ အထက်စက်တော်ရာ အမိုးနှင့် မျက်နှာကြက် မိုးယိုစိမ့်မှုများနှင့် အများ သုံးသန့်စင်ခန်းများကိုလည်း တိုးချဲ့ဆောက် လုပ် ပြုပြင်သွားမည်ဖြစ်သည်။
    မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီ ၂၅ ရက်မှစကာ ဧပြီလ (မြန်မာနှစ်ဆန်း တစ်ရက်နေ့)အထိ ရက်ပေါင်း ၈၀ ကြာ ကျင်းပလျက်ရှိပြီး နှစ်စဉ် လူဦးရေသိန်းနှင့်ချီ၍ လာရောက်ပူ ဇော်ဖူးမြော်ကြကြောင်း သိရသည်။

Total Views ~ 311

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43839

© 2022 - 2025 News. All Rights Reserved.