Breaking

မရမ်းကုန်းမြို့နယ်ရှိ Bar တစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

၂၀၂၃ နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းရှိ Honey Nest DJ Bar တွင် နိုဝင်ဘာ (၁၃)ရက် ည (၉) နာရီခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ Bar တွင် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်‌ေ-သဆုံးမှုများနှင့် ဒဏ်ရာရသူများ ရှိနေနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသော်လည်း အသေးစိတ်အခြေအနေကို အတည်မပြုနိုင်သေးပါ။

ထိုသို့ ဗုံးပေါက်ကွဲမှုကို မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ် တစ်ဝိုက် အသံကြားရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ Honey Nest DJ Bar ဗုံးပေါက်ကွဲခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ယခင်ကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သေးကြောင်း သတင်းများအရ သိရသည်။

Total Views ~ 312

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43887

© 2022 - 2025 News. All Rights Reserved.