Breaking

မလေးရှားနိုင်ငံ ရေပိုင်နက်သို့ ပို့ဆောင်မည့် ဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်များ တပ်မတော်(ရေ)မှ ဆက်တိုက်ဖမ်းဆီးရမိ

၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံမှနေ၍ မလေးရှား နိုင်ငံရေပိုင်နက်သို့ ပို့ဆောင်မည့် ဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်များကို တပ်မတော်(ရေ)မှ ဆက်တိုက်ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းများအရ သိရသည်။

ဖမ်းဆီးရမိမှု သတင်းထုတ်ပြန် ချက်အရတပ်မတော်(ရေ)မှ ဖေဖော်ဝါရီလ ၁၇ ရက် ည ၉ နာရီက တနင်္သာရီတိုင်းဒေ သကြီး၊ ကော့သောင်းမြို့၏ အနောက် မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်၌ "မင်းထက်သာ-၃"အမည်ရှိ စက်လှေအား သတင်းအရရှာဖွေရာ စက်လှေပေါ်မှ ငြိမ်းချမ်းလွင်၊ ကျော်လင်းထွန်း(ခ)ကျော်ကြီး၊ လှမြင့်ထွန်းနှင့် ရဲကျော်သူ(ခ)ကိုရဲတို့ လေး ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း) ၁ ဒသမ ၂၉၈ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက် တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ရန်ကုန်မြစ်ဝမှတစ်ဆင့် ပင်လယ်ရေကြောင်း အသုံးပြု၍ မလေးရှားနိုင်ငံ ရေပိုင်နက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၂၂ ရက်ကလည်း တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ မြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်၌ "အေးမြတ်အောင်" စက်လှေကို မသင်္ကာဖွယ်တွေ့ရှိ သဖြင့် စစ်ဆေးခဲ့ရာ စက်လှေပေါ်တွင် မူး ယစ်ဆေးဝါးများ လွှဲပြောင်း လက်ခံသယ်ဆောင်ရန် စောင့်ဆိုင်းနေသည့် ဇော်မင်းဦး၊ ကိုကိုဇော်၊ လွှမ်းအောင်၊ သူရစိုးနှင့် ထွန်းဦးတို့ ငါးဦးအား တွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ စုံစမ်းစစ် ဆေးဖော်ထုတ်ခဲ့ရာ ဇန်နဝါရီလ ၂၆ ရက် နေ့တွင် "အေးမြတ်အောင်"အမည်ရှိ ပင်လယ်ပြင်သွား စက်လှေပိုင်ရှင် တင်ရှိန်နှင့် စိုးရန်နိုင်(ခ) နောင် နောင်အား ပုသိမ်မြို့တွင် လည်းကောင်း၊ ဇန်နဝါရီလ ၂၈ ရက်၌ ဌေးအောင်(ခ) ပေါက်စအား ကျောင်းကုန်းမြို့နယ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက် ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၁၂ ရက်၌ နိုင်ဦး(ခ)မောင် မောင်လေး(ခ)လှဝင်း အား ပုသိမ်မြို့နယ်၊ ကုလားချောင်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့တွင် ပုသိမ်မြို့နယ်၊ သမ္ဗန်ချိုင် ကျေးရွာရှိ တင်ထွန်း၏ ဂိုဒေါင်မှ အိုက်စ်(မက်သ် အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်း ရမိခဲ့ ကြောင်း၊ ဆက်လက်ဖော်ထုတ်ချက်များအရ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီ တွင် ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာ တွင် ထွန်းလင်းနိုင်(ခ)ငလင်း၊ ဇော်ထွေးလွင် (ခ)ငတိုလေး၊ ရဲလွင်ကို (ခ) ရခိုင်လေး၊ ကျော်ဇင်ထက်နှင့် ကျော်မင်းတို့ ငါးဦးအား "အေးမြတ်အောင်"စက်လှေပေါ်သို့ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ တင်ဆောင်ပေးရန် စောင့်ဆိုင်းနေသည့် ကမ်းရိုးတန်းသွား စက် လှေတစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်ရှိ "အေးမြတ်အောင်" စက်လှေပိုင်ရှင် တင်ရှိန်နှင့် မဇင်မာဌေးတို့၏ နေအိမ်မှ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းင်းကျည် ၄၅ တောင့်၊ ၁၂ ဗို့ ပြောင်းချောကျည် ၂၃ တောင့်၊ မြန်မာငွေကျပ်သိန်း ၃၀၊ မော်တော် ယာဉ်နှစ်စီးနှင့် လည်းကောင်း၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်ရှိ တင်ရှိန်၏ နေအိမ်မှ ပြောင်းချောသေနတ် တစ်လက်၊ ၁၂ ဗို့ ကျည် ၂၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်၌ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား မန္တလေးမှပုသိမ်သို့ Dump Truck မော်တော်ယာဉ်နှင့် သယ်ဆောင်ခဲ့သည့် ကျော်ရဲမြင့် (ခ)ဖြိုးသူရနှင့် စိုးမောင်မောင်တို့အား ရေကြည်မြို့နယ်၊ ရေနံ့သာကျေးရွာတွင် အဆိုပါ မော်တော်ယာဉ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်၌ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို တာဝန်ခံသယ်ဆောင်သူ ရဲခေါင်ထွန်း ငှားရမ်းထားသည့် ပြည်ကြီးတံခွန် မြို့နယ်၊ (ည)ရပ်ကွက်၊ ၅၉ လမ်းနှင့် ၁၄၁ လမ်းထောင့်ရှိ ခြံဝင်းအတွင်းမှ ထိန်းချုပ် ဓာတုပစ္စည်းများဖြစ်သည့် နြအ့ပူောငညန လီတာ ၁၆၄၀၀၊ Methylamine လီတာ ၁၂၀၀၊ Sulphuric Acid လီတာ ၅၆၀၊ Hydrochloric Acid လီတာ ၁၂၄၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များနှင့် ဓာတုပစ္စည်းစုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၄၅ ဒသမ ၂၈ ဘီလီယံကျော်နှင့် ပင်လယ်ပြင်သွားစက်လှေ တစ်စီး၊ ကမ်းရိုးတန်းသုံး စက်လှေတစ်စီး၊ မော်တော် ယာဉ် သုံးစီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော် ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ မန္တလေးသို့သယ်ဆောင်၍ မန္တလေးတွင် သိုလှောင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မလေးရှားနိုင်ငံရေပိုက်နက်သို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 159

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43966

© 2022 - 2025 News. All Rights Reserved.