၂၀၂၃ ၊ စက်တင်ဘာ ၃
မလေးရှားနိုင်ငံတွင် နေထိုင်ကာ ငါးဖမ်းစက်လှေတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားနှစ်ဦးမှာ စက်တင် ဘာ ၂၀ ရက်က ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေပေါ်မှ ပြုတ်ကျ သွားခဲ့ပြီး ပြုတ်ကျသွားသူအနက်မှ တစ်ဦး၏ရုပ်အလောင်းကို မလေးရှားရဲတပ်ဖွဲ့မှ ပြန်လည်ဆယ်ယူ ရရှိခဲ့ပြီး မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)က နာရေးဆောင်ရွက်ရန်စီစဉ် နေကြောင်း သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်အနီးရှိ မွန်တိုင်းရင်းသား အများစုနေထိုင် သော၊ ရွာတွင်နေထိုင်သော မွန်အမျိုးသားကိုနိုင်ကျော်နိုင်ဦးသည် မလေးရှားနိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသည်မှာ တစ်နှစ်နီးပါးခန့်ရှိပြီး မလေးရှား ငါးဖမ်းသင်္ဘောတွင် အလုပ်လုပ် ကိုင်နေပြီး စက်တင်ဘာ ၂၀ ရက်တွင် ပင်လယ်ပြင်တွင် ပိုက်ချခဲ့သည့် ငါးဖမ်းပိုက်ကို စွဲတင်စဉ် အခြားသော မြန်မာနိုင်ငံသား တစ်ဦးနှင့်အတူ ပိုက်ကြိုးရိုက်ကာ လှိုင်းပိပြီး ပင်လယ်ပင်တွင် ပျောက်ဆုံးခဲ့ရကြောင်း သိ ရသည်။
ရေလုပ်သားများမှ စက်လှေများ နှင့် ရေငုပ်ရှာခဲ့သော်လည်း မတွေ့ရှိဘဲ ရေ စီးဖြင့် မျောပါကာ ခြောက်ရက်မြောက်သော နေ့ စက်တင်ဘာလ ၂၆ ရက်တွင် ကွာလာစလန်းကောခရိုင် ဆာဗါးဗဒက်နံ မလေးရှား ရဲတပ်ဖွဲ့မှ ရေနှင့်မျောပါနေသော ကိုနိုင်ကျော်နိုင်ဦး၏ ရုပ်အလောင်းအား တွေ့ရှိရသဖြင့် စုံစမ်းမေးမြန်းရာ မြန်မာနိုင်ငံသား ရုပ်အလောင်းဖြစ်ကြောင်းသိရှိပြီး မိသားစုများမှ ဆေးရုံသို့ လာ ရောက်ပြီး ဆေးရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အမြန်ဆုံး သင်္ဂြိုဟ်ရန်အတွက် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ပင်လယ်ရေပိုင်နက်ကျော်လွန် ငါးဖမ်းတာတွေကြောင့် အခြားနိုင်ငံပင်လယ် ရေကြောင်း တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုများ အများအပြား တွေ့မြင်ရတယ်။ အထူးသဖြင့် ငါးအရများတဲ့ အင်ဒိုနီးရှား ရေပိုင်နက်အ တွင်း ဖမ်းမိခံရတာကြောင့် ထောင်နှစ်ရှည် ကျခံရသည့်အပြင် ချုပ်ရက်စေ့ပြီး မိသားစု များရှိတဲ့ လာရင်းနိုင်ငံပြန်ပို့ရင်လည်း ငွေကြေးအမြောက်အမြား ပေးဆောင်ရပါတယ်"ဟု မြန်မာလူမှုကူ ညီရေးအသင်း(မလေးရှား)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မလေးရှားနိုင်ငံရှိ မြန်မာရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်အတွင်း ရာသီဥတုဆိုးရွားမှုကြောင့် ငါးဖမ်းငါးတင် ပြုလုပ်နေစဉ် ရေထဲပြုတ်ကျသေဆုံးခြင်း၊ ပိုက်တင်/ချ စက်ထဲခြေလက်များ ညှပ်ဝင်ပါသွားသဖြင့် ကိုယ်ခန္ဓာပေးဆပ်လိုက်ရသည့်အပြင် မျက်စိကွယ် အသက်ဆုံးရှုံးမှုတွေ မကြာခဏ မြင်တွေ့ရကြောင်း မြန်မာလူမှုကူညီရေး အသင်း(မလေးရှား)မှ သိရသည်။