Breaking

မဟာမိတ်သုံးဖွဲ့ သောင်းကျန်းမှုကြောင့် လားရှိုးမြို့ပေါ်တွင် စစ်ရှောင် ထောင်ချီရှိလာ

၂၀၂၃  အောက်တိုဘာ ၃၀
    ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပြင်းထန်စွာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီး ကျောင်းများတွင် စစ်ရှောင်စခန်းများ ယာ ယီဖွင့်လှစ်ထားရကြောင်း သိရသည်။
    ယခုအခါ လားရှိုးမြို့ မန်ဆူဘုန်း ကြီးကျောင်းတွင် စစ်ရှောင်ဦးရေ သုံးထောင် ကျော်ရှိပြီး တိုက်ပွဲနှင့်နီးကပ်သည့် နေရာ များမှ လာရောက်ခိုလှုံကြခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိသူ ဦးခမ်းက ပြောသည်။ 
    "လောလောတယ် မန်ဆူဘုန်းကြီးကျောင်းမှာ စစ်ရှောင်ဦးရေ ၃၃၆၆ ရှိတယ်။ အခုလက်ရှိ မန်ဆူရှမ်းကျောင်းမှာ၊ တခြား နေရာတွေမှာ နည်းနည်းစီရှိတာပေါ့။ ၂၀၀ ကျော်၊ ၃၀၀ ကျော်ရှိတယ်။ ငါးနေရာ၊ ခြောက်နေရာလောက် ရှိတာပေါ့။ လော လောဆယ်တော့ မနေ့ကညနဲ့ ဒီနေ့တော့ နည်းနည်းငြိမ်နေတယ်။ ဒါပေမဲ့ တချို့ပြည် သူတွေကျတော့ ထိတ်လန့်နေတုန်းပေါ့။ ည ဘက်ကျရင် ပစ်နေတာပေါ့နော်။ စစ်ရှောင် တွေ နေအိမ်ပြန်ဖို့တော့ မပြောနိုင်သေးဘူး။ အခုလက်ရှိ လားရှိုးမြို့ရဲ့ အရှေ့မြောက် ဘက်ကလူတွေ များတယ်။ တိုက်ပွဲနဲ့ နီးစပ်တဲ့နေရာက လူတွေပေါ့။ လမ်းပန်းဆက်သွယ်ရေးတော့ နည်းနည်း အခက်အခဲရှိတယ်။ အပြင်ကလူကိုလည်း ပေးမဝင်ဘူး။ မြို့ထဲက လူကိုလည်း ပေးမထွက်ဘူး။ လုံခြုံရေး အခြေအနေအရပေါ့နော်။ ကုန်စည်စီးဆင်း မှုကလည်း ရပ်တန့်နေတဲ့ သဘောရှိပါတယ်။ စစ်ရှောင်တွေ နေအိမ်ပြန်ဖို့က တစ်ပတ်၊ ၁၀ ရက်လောက် ကြာဦးမယ်ထင်ပါတယ်။စစ်ရှောင်တွေအတွက်က စားနပ်ရိက္ခာလို အပ်ပါတယ်။ တစ်ရက်ကို ဆန်အိတ် ၃၀၊ ၄၀ လောက်ကုန်တယ်။  ဆေးဝါးတွေတော့ ရှိပါတယ်။ လိုအပ်တာတွေလည်း ရှိပါတယ်။ အဓိကသက်ကြီးရွယ်အိုတွေနဲ့ ကလေးသူ ငယ်တွေ ပါနေပါတယ်"ဟု ၎င်းက ပြောသည်။ 


    လားရှိုးမြို့ အရှေ့ဘက်တွင်တိုက် ပွဲများ ငြိမ်သက်စပြုလာသော်လည်း စစ် ရှောင်များအနေဖြင့် နေအိမ်သို့ပြန်ရန် ထိတ် လန့်နေကြကြောင်း ဟိုပိတ်ဘုန်းကြီးကျောင်း ရှိ စစ်ရှောင်စခန်း တာဝန်ရှိသူ စိုင်းအောင် ပွင့်ပြောသည်။ 
    "တိုက်ပွဲကတော့ ပုံမှန်ပဲ ဖြစ်နေတုန်း။ လက်ရှိမှာ လားရှိုးအရှေ့ဘက်ပိုင်းတော့ နည်းနည်း ငြိမ်သွားတယ်။ စစ်ရှောင်တွေက နေအိမ်ပြန်ဖို့တော့ နည်းနည်းကြောက်ရွံ့နေကြတယ်။ မပြန်ဖြစ်သေး ဘူး။ အခြေအနေဆိုးနေတာကတော့ သိန္နီဘက်ပေါ့။ လားရှိုးမှာ အခုလောလောဆယ်တော့ ငြိမ်နေ တယ်။ ညအချိန်မှာတော့ လက်နက်ကြီးအသံေတွေ အဆက်မပြတ် ကြားနေရတယ်။ လောလောဆယ် အခက်အခဲရှိတဲ့ သူတွေကတော့ ဒီမှာလာပြီး ခိုလှုံကြတာပေါ့။ ဟိုပိတ် ဘုန်းကြီးကျောင်းမှာတော့ စစ် ရှောင်ဦးရေ ၁၀၀ ကျော်ရှိပါတယ်။ လားရှိုး မြို့ ဟိုပိတ်ရဲ့ အရှေ့ဘက်ပိုင်းကလူတွေ လာပြီး ခိုလှုံကြတာပါ။ တိုက်ပွဲကတော့ ငြိမ်တော့ငြိမ်တယ်။ စစ်ရှောင်တွေ နေအိမ်ပြန် ဖို့ကတော့ သိပ်ပြီးစိတ်မချရသေးဘူး။ လောလောဆယ် စစ်ရှောင်တွေအတွက် လူမှုကူညီရေး ရပ်ရွာအဖွဲ့တွေတော့ လာရောက်ကူ ညီပေးနေတာတွေရှိပါတယ်။ တိုက်ပွဲတွေ ရေရှည်ကြာသွားရင်တော့ အခက်အခဲတွေရှိ လာနိုင်တယ်။ ဆေးဝါးလိုအပ်ချက်ရှိတယ်။ စစ်ရှောင်တွေက ဖျားနာတာများတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေလည်းပါ တယ်။ အသက် (၆၀)ကျော် (၇၀) တွေလည်းပါတယ်။ ကလေးတွေဆို (၇) နှစ်အရွယ်၊ (၈) နှစ်အရွယ်တွေလည်းပါ တယ်။ ကိုယ်ဝန်ဆောင်တစ်ယောက်လည်း ဒီမှာလာပြီး မီးဖွားခဲ့သေးတယ်။ လောလောဆယ် သိန္နီ ဘက်ပိုင်းတော့ စိုးရိမ်ရတယ်။ ဖြစ်နေတုန်းပဲ တော်တော်ဆိုးနေတာ။ လမ်းပန်းဆက် သွယ်ရေးက မြို့တွင်းတော့ သွားလာလို့ရတယ်။ လားရှိုးမြို့မှာ ဆိုင်တွေ၊ ဘာတွေ ဖွင့် တာလည်း သိပ်မရှိဘူး။ ကုန်စည်စီးဆင်းမှု ကတော့ အားလုံးရပ်တန့်သွားပြီပေါ့။ ပိတ်ထားတော့။ ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားတာ"ဟု ၎င်းကပြောသည်။ 


    အောက်တိုဘာ ၂၇ ရက်၊ နံနက် ၄ နာရီမှ စတင်ကာ ရှမ်းပြည်နယ်(မြောက် ပိုင်း) ချင်းရွှေဟော်၊ လောက်ကိုင်၊ လားရှိုး၊ ကွမ်လုံ၊ သိန္နီမြို့များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအရ တန်ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။    

Total Views ~ 214

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43869

© 2022 - 2025 News. All Rights Reserved.