၂၀၂၃၊ဇန်နဝါရီ ၆
မန္တလေးမြို၊ မဟာအောင်မြေ မြိုနယ်၊ ၈၆ လမ်း၊ ၄၀-၄၁ လမ်းကြား၊ တောင်ခွန်မင်းကြီးတိုက်ပါဠိကျောင်းတွင် ဇန်နဝါရီ ၄ ရက် နံနက်၉ နာရီမှ ၁၀နာရီအထိ NLD ပါတီခရိုင်အဆင့်အဖွဲဝင်များတွေ့ဆုံ၍ ညှိနှိင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိင်းဆွေးနွေးပွဲကို NLD ပါတီ မန္တလေးခရိုင်၊ ပြန်ကြားရေးတာဝန်ခံ ဦးစိန်လှအောင်က ဦးဆောင်၍ အဖွဲဝင် ၂၁ ဦးတက်ရောက်ခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် နိုင်ငံရေးအခြေအနေ အရပ်ရပ်ကြောင့် လျှိဝှက်စွာပြုလုပ်ခဲ့ကြပြီး ၎င်းတို၏ NLD ပါတီမှ ခွဲထွက်ရေးကြိုးပမ်း နေသူများကို တားဆီးရန်ဖြစ်ကြောင်း၊ NLD ပါတီသည် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အတွက်ပါဝင်ရန် မျှော်လင့်ချက်မရှိတော့ကြောင်း၊ ထိုအပြင် ဖျက်သိမ်းခံရဖွယ်ရှိနေသည် ဟု ယူဆနေသူများလည်းရှိကြောင်း၊ NLD ပါတီမှ နုတ်ထွက်ရန်နှင့် အခြားပါတီသို ကူးပြောင်းရန် ပြင်ဆင်နေသူများလည်း ရှိနေကြောင်း၊ အသင်းအစုဖွဲ၍ ခွဲထွက်ရေး ပြင်ဆင်နေပြီဟု သတင်းစကားများ လူထုအကြားပျံ့လွင့်လာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး ဂုဏ်သိက္ခာကို စောင့်ထိန်းရန် လိုအပ်ပြီးပါတီ၏အရင်းအမြစ်များကို ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ နိုင်ငံရေးယုံကြည်ချက်များကို ခိုင်မာစွာဆောက်တည်သွားရန် တိုက်တွန်း လိုကြောင်းနှင့် အောက်ခြေအဆင့် ပါတီ၏အင်အားစုများ စုစည်းခိုင်မာစေရန် စိတ်အား၊ လူအားမွေးမြူထားကြရန် အသိပေးရခြင်းဖြစ်ကြောင်း၊ အသွင်ပြောင်းရန်နှင့် ဆင့်ပွား ခွဲထွက်ရန် ဆန္ဒရှိနေသူများကို အချိန်မီတားဆီးသွားရန်နှင့် နိုင်ငံရေးလှုပ်ရှားမှု လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။