၂၀၂၃ နိုဝင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော် အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ပထမအကြိမ် မသိုးရွှေကြာ သင်္ကန်းတော် ရက်လုပ်ပူဇော်ခဲ့ပြီး အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ကြည်ညိုခဲ့ကြောင်း သိရ သည်။
ပထမအကြိမ် မသိုးရွှေကြာ သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်း အနားကို နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ ရေ ပန်းရင်ပြင်တော်၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည် ညိုခဲ့ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က "ဇယမင်္ဂလာစာ တမ်းလွှာ"ကို ဖတ်ကြားကာ နစကဥက္ကဋ္ဌနှင့် ဇနီးတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာရွှေမောင်းကို တီးခတ်၍ အချက်ပေးရာ ရက်ကန်းအဖွဲ့များက ရက် ကန်းစင် တော်များ၌ မသိုးရွှေကြာသင်္ကန်း တော်များကို စတင်ရက်လုပ်ခဲ့ကြောင်း သိရ သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိသတ်များသည် ရက်ကန်းစင် တော်ကိုးခုမှ ရင်ကန်းအဖွဲ့များ၏ မသိုးရွှေကြာ သင်္ကန်းရက်လုပ်နေမှုများကို ရက်ကန်းစင် တော် တစ်ခုချင်းဆီအလိုက် လှည့်လည် ကြည့်ရှုအားပေးပြီး ညမီးကြီးမီးပုံးပျံများနှင့် စိန်နားပန်မီးပုံးပျံများ လွှတ်တင်မှုများကို မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများနှင့် အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ကာ ရင်ပြင်တော်ကြီးပေါ်၌ လှည့်လည်ဖူးမြော်ကြည်ညို၍ တက် ရောက်လာကြသူများနှင့်အတူ ဆီမီး ၃၆၀၀ ကိုအတူတကွ ထွန်းညှိပူဇော်ခဲ့ကြောင်း သိရ သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော် အတွင်း၌ တန်ဆောင်တိုင်ပွဲတော် အခါ သမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော် ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည်။