၂၀၂၃ နိုဝင်ဘာ ၂၀
ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက် ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင် တိုင် မီးထွန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် သည်။
ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံ ပယ်ရာ ပြည်ထောင်စုနယ်မြေ နေပြည် တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရင်ပြင်တော် တွင် ပထမဆုံးအကြိမ် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်ထိ သုံးရက်ကြာ စည်ကားသိုက်မြိုက် စွာ ကျင်းပပူဇော်သွားမည်ဖြစ်သည်။
မီထွန်းပွဲတော်အတွင်း ရုပ်ပွား တော်မြတ်ကြီးအား နေ့စဉ်ဆီမီး ၉၀၀၀ ကပ် လှူပူဇော်မည်ဖြစ်သည်။ ထို့အပြင် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အ သင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့်ပူဇော် ခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။
တန်ဆောင်တိုင် မီးထွန်းပွဲတော် ပြယုဂ်ဖြစ်သည့် မီးရှူးမီးပန်းများ ပစ်လွှတ်ပူ ဇော်ခြင်းများ၊ အလှညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်းများကို လည်း ပွဲတော်ကာလ သုံးရက်ပတ်လုံး ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံ တော်အတွင်း LED မီးများဖြင့် အလှဆင် ပူဇော်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ၏ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်း ကျင်းပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အမြင့် ၈၁ ပေ( ၂၅ မီတာ) ရှိပြီး ကမ္ဘာ့အမြင့်ဆုံး ဘူမိဖဿမုဒြာ စကျင် ကျောက်ရုပ်ပွားတော်မြတ်ကြီးအား နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ဦးဆောင်ဘုရားဒါယကာပြု၍ အများ ပြည်သူကောင်းမှုဖြင့် လွန်းခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၄ ရက်တွင် စတင်တည်ထား ပူဇော်ခဲ့ပြီး ၂၀၂၃ ခုနှစ် သြဂုတ် ၈ ရက်တွင် စတင်ဖွင့်လှစ် အပူဇော်ခံခဲ့သည်။
ရုပ်ပွားတော်ကြီးအား ဖူးမြော်ခွင့် ပြုသည်နှင့် တစ်ပြိုင်နက် သိန်းပေါင်းများစွာ သော နိုင်ငံအနှံ့အပြားမှ ဘုရားဖူးပြည်သူများ နေ့စဉ်နီးပါး လာရောက်ဖူးမြော်ကြသည့်အ တွက် စေတီတော်ကြီးအဝင် မုခ်ဦးဝန်းကျင် တွင် ဘုရာဖူးပြည်သူများ၊ ဘုရားဖူးကားများ၊ စားဖွယ်စုံ စတုဒိတာ အလှူရှင်များဖြင့် အစဉ်စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
တည်ထားပူဇော်ပြီးနောက် ပထမ ဆုံး ကြုံကြိုက်ကျင်းပမည့် ရုပ်ပွားတော်မြတ် ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် လည်း ဆီမီးပူဇော်ပွဲ၊ မီးပုံးပျံလွှတ်ပွဲများအပြင် ဈေးဆိုင်တန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ယခင်ဘာသာရေး အထိမ်းအမှတ် ပိတ်ရက်များတွင် လူဦးရေ သိန်းချီလာရောက်ဖူးမြော်သကဲ့သို့ ပွဲတော် ကာလတွင် ဘုရာဖူးပြည်သူများစွာလာ ရောက်လိမ့်မည်ဟု နေပြည်တော်ဒေသခံများ က ခန့်မှန်းသည်။