၂၀၂၃ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့ ကရဝိက်ဖောင်တော်ဦးဘုရားပွဲတော်ကြီး အားအကြိမ် (၁၄၀)မြောက်အဖြစ် ယခု စက် တင်ဘာ ၂၂ ရက်မှစတင်ကာ ၁၀ ရက်တိုင် တိုင် စည်ကားသိုက်မြိုက်စွာပြန်လည် ကျင်း ပသွားမည်ဖြစ်သည်။
ဘုရားပွဲတော်တွင် ရိုးရာမပျက် လှေပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကာ ရာ ပေါင်းများစွာသော ဈေးဆိုင်တန်းများဖြင့် အထူးစည်ကားစွာ ကျင်းပမည်ဟု ပွဲတော် ဖြစ်မြောက်ရေး ကော်မတီမှပြောသည်။
လက်ရှိတွင် ဈေးဆိုင်ခန်းအရေ အတွက် ၆၀၀ နီးပါးပြင်ဆင်ထားရှိပြီး ပွဲဈေး ရောင်းချလိုသူများသည် ဆိုင်ခန်းနေရာအ တွက် စက်တင်ဘာ ၁၀ ရက်မှစတင်ကာ စတင် လျှောက်ထားနိုင်သည်ဟု ဆိုသည်။
ပွဲတော်ကို စက်တင်ဘာ ၂၂ ရက် မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလ ၁၀ ရက်အတွက် ဆိုင်ခန်းတစ်ခန်းလျှင် ငှားရမ်းငွေ ကျပ် ၁၂၀၀၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ရောဂါကပ်ဘေးကြောင့် သုံးနှစ်ခန့် ရပ်နားခဲ့သည့် ဘုရားပွဲတော်ကို ယခုနှစ်တွင် စတင်ပြန်လည်ကျင်းပဖြစ်မည်ဖြစ် သောကြောင့် အများပြည်သူ လုံခြုံရေးနှင့် ဘုရားပွဲတော်စည်ကားရေးကို အထူးအလေး ထားဆောင်ရွက်သွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်းများနှင့် ပျော်ပွဲရွှင် ပွဲများကို ည ၁၀ နာရီအထိသာ သတ်မှတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။