ရန်ကုန်၊ ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်း (ရှမ်းတဲ) ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုများကို ဇန်နဝါရီ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် ခရီးစဉ်တွင် လိုက်ပါလာကြသူများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်း (ရှမ်းတဲ) သို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီး ဦးကိုကိုနိုင်၊ တိုင်းပညာရေးမှူး ဦးကျော်မိုးထွန်းနှင့် ဆရာ၊ ဆရာမများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် စာသင်ဆောင်များအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုကို ရင်းရင်းနှီးနှီး လိုက်လံအားပေး ကြည့်ရှုပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျောင်းခန်းမ၊ စာကြည့်တိုက်နှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ် ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြင့် ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝင်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းရှိ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ကောင်းမွန်ပြည့်စုံစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေ ပညာကိုသာမက အသက်အ ရွယ်နှင့်ကိုက်ညီသည့် ဗဟုသုတများ ရရှိစေရေးအတွက် ပြင်ပစာပေများ ကိုလည်း စာကြည့်တိုက်တွင် ဖတ်ရှုသည့်အလေ့အကျင့် ရရှိကြစေရေး တိုက်တွန်းဆောင်ရွက် ကြရန် တာဝန်ရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ကျောင်းစာကြည့်တိုက်အတွက် လူထုသိပ္ပံကျမ်းစာအုပ်များနှင့် ကျောင်းသား ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ပြီး ဆရာ၊ ဆရာမများကို ရင်းရင်း နှီးနှီး နှုတ်ဆက်၍ ကျောင်းလိုအပ်ချက်များကို မေးမြန်းပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။