၂၀၂၃ ၊ မေ ၁၆
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိကအဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာအဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂၁ ဦး သေဆုံးခဲ့ကြောင်း ယနေ့ မေ ၁၆ ရက်နေ့ ညပိုင်းတွင် နစက-သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိသည်။ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသေးစိတ်ထပ်မံစီစစ်ခဲ့ရာ မေလ ၁၅ ရက်နေ့ ညပိုင်းထိရရှိသော စာရင်းများအရ -
-နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄၄ ရွာမှ လူနေအိမ် ၁၂ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ လေဆိပ်အဆောက်အဦ ၁ ခု၊ ဓာတ်မီးတိုင် ၈ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၁ လုံး၊ အုတ်နံရံ ၁ ခု၊
- ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၄ ရွာမှ လူနေအိမ် ၁၂၉ လုံး၊ သာသနိက အဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂ ခု၊ ဓာတ်မီးတိုင် ၄ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၀ ခု၊ ဘောလုံးကွင်း ၁ ကွင်း၊
-စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၃ ရွာ၊ လူနေအိမ် ၃ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၆ တိုင်၊ ဓာတ်မီးတိုင် ၂ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ အုတ်တံတိုင်း/နံရံ ၂၆ ခု၊ တံတား ၃ စင်း၊
-ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇၂ ရွာမှ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေး တာဝါတိုင် ၂ တိုင်၊ ဓာတ်မီးတိုင် ၁ တိုင်၊
-မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ၃၄ ရွာမှ လူနေအိမ် ၄ လုံး၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ အုတ်တံတိုင်း/နံရံ ၆၇ ခု၊ ရာသီသီးနှံစိုက်ခင်း ၁၅၆ ခင်း၊ တံတား ၁ စင်း၊
-မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာမှ သာသနိကအဆောက် အဦ ၄ ခု၊
-မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄ ရွာမှ လူနေအိမ် ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဓာတ်မီးတိုင် ၁၄ တိုင်၊
-ရခိုင်ပြည်နယ်အတွင်း ရှိ ရပ်ကွက်/ကျေးရွာ ၃၈၇ ရွာမှ လူနေအိမ် ၁၁၁၀၆ လုံး၊ သာသနိက အဆောက်အဦ ၆၃ ခု၊ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်း၊ စာသင်ကျောင်း ၁၁၈ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၂ ခု၊ ဈေး ၁ ခု၊ လေဆိပ်အဆောက်အဦ ၁ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁ ခု၊ ဓာတ်မီးတိုင် ၇ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၇၂ လုံး၊ အခြားပျက်စီးမှု ၃၉၂ ခု၊

-ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၆၅ ရွာမှ လူနေအိမ် ၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၇ ကျောင်း၊ ဆက်သွယ်ရေးတာဝါတိုင် ၂ တိုင်၊ ဓာတ်မီးတိုင် ၆၀ တိုင်၊ ထရန်စဖော်မာ ၂ လုံး၊ ဌာနဆိုင်ရာ
အဆောက်အဦ ၆ လုံး၊ ဘောလုံးကွင်း ၂ ကွင်း၊ အုတ်တံတိုင်း/နံရံ ၃၄ ခု၊
-ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာမှ လူနေအိမ် ၂ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊
-ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ရွာမှ လူနေအိမ် ၁၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၅ ခု၊ ဓာတ်မီးတိုင် ၉ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃ လုံး၊ အခြား ပျက်စီးမှု ၄ ခု စသည်ဖြင့် အသီးသီးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် သေဆုံးသူ ၂၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သေဆုံးသူ ၁ ဦး ရှိခဲ့ကြောင်း မေလ ၁၅ ရက်နေ့ ညပိုင်းထိရရှိသော စာရင်းများအရ သိရသည်။
ဓာတ်ပုံ - ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းမိုခါ ၀င်ရောက်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှု မြင်ကွင်းတစ်ချို့