မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားရသည့် ရခိုင်ပြည်နယ်အတွင်းက ရေလုပ်ငန်းရှင်များအား ထောက်ပံ့ပေးမည်

၂၀၂၃ ဇွန် ၂၁

ရခိုင်ပြည်နယ်က ငါးဖမ်းလုပ်ငန်းတွေမှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ လှေတွေ၊ ငါးဖမ်းပစ္စည်းတွေ ထဲက ပြန်လည်ပြုပြင်လို့ရတဲ့ ပစ္စည်းတွေကို အမြန်ဆုံးပြုပြင်ပြီး လုပ်ငန်းခွင်အမြန်ဆုံး ပြန်လည်ဝင်ရောက်ဖို့နဲ့ အလုံးစုံပျက်စီးသွားတဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို စိစစ်ပြီး ထောက်ပံ့ပေးဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါတယ်။

ဇွန် ၂၀ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ မွေးမြူရေးလုပ်ငန်းများနှင့် ရေလုပ်ငန်းများ ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။ မုန်တိုင်းသင့်ဒေသတွေမှာ စားရေရိက္ခာဖူလုံစေဖို့အတွက် ဌာဆိုင်ရာတာဝန်ရှိသူတွေ၊ မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ ရေလုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပြီး ရေတိုရေရှည်နဲ့ ဦးစားပေး ဆောင်ရွက်ရမယ့် အစီအမံတွေ ချမှတ်ဆောင်ရွက်ရမယ်လို့လည်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါတယ်။

အစည်းအဝေးကို တက်ရောက်လာတဲ့ လုပ်ငန်းရှင်တွေက မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ အသားစား ကြက်၊ ဥစားကြက်၊ ဆိတ်၊ နွားမွေးမြူရေး၊ ပုစွန်၊ ကဏန်းပျော့၊ ငါးနဲ့ ပုစွန်မျိုးသားပေါက်မွေးမြူရေးလုပ်ငန်း တွေကို ကူညီပံ့ပိုးပေးစေလိုကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Total Views ~ 271

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43645

© 2022 - 2025 News. All Rights Reserved.