၂၀၂၃ မေ ၁၆
မေ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် အားအလွန့်အလွန်ကောင်းသော "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်မှပြည်သူများအားကူညီရန် သီတဂူဆရာတော်ကြီးက အလှူတော်ငွေကျပ်သိန်း ၁၀၀၀ အားလှူဒါန်းခဲ့သည်။
ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ မေ ၁၅ ရက်နေ့လည်ပိုင်းကပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့က လက်ခံရယူခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က သီတဂူဆရာတော်ကြီးအား ကျေးဇူးတင်စကားများ လျှောက်ထားခဲ့ကြကြောင်း သိရသည်။