Breaking

မိုင်းလားမြို့မှတစ်ဆင့် တရုတ်နှင့်ကုန်သွယ်မည့် ပို့ကုန်၊ သွင်းကုန်ကုန်စည်ခွန်များကို ထက်ဝက်လျှော့ချကောက်ခံ

၂၀၂၃၊ နိုဝင်ဘာ ၂၀
    ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားမြို့အား ဖြတ်သန်း၍ တရုတ်နိုင်ငံနှင့် ကုန်သွယ်လျက်ရှိသော ပို့ကုန်၊ သွင်းကုန်များ၏ ကုန်စည်ခွန်များကို ထက်ဝက်လျှော့ချ ကောက်ခံသွားမည်ဟု သိရသည်။
    အထူးဒေသ (၄) အခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အထက်၏ညွှန်ကြားချက်ဖြင့် ကုန်စည်ခွန်ထက်ဝက်လျှော့ချ ကောက်ခံခြင်းကို နိုဝင်ဘာ ၁၃ ရက်တွင် စတင် ဆောင်ရွက်သွားမည်ဖြစ်သည်။
    အထူးဒေသ(၄)မိုင်းလားနှင့် တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်အား ဖြတ်သန်း၍ ပြည်တွင်းသို့တင်သွင်းသည့် ကုန်စည်များကိုလည်းကောင်း ပြည်တွင်းမှ တင်ပို့မည့် ပို့ကုန်များကိုလည်းကောင်း ပို့ကုန်၊သွင်းကုန် ကဏ္ဍနှစ်ရပ်လုံးတွင် လျှော့ချကောက်ခံသွားမည် ဖြစ်သည်။
    ကြေညာချက်သည် နိုဝင်ဘာ ၁၃ တွင် စတင်အကျုံးဝင်မည်ဖြစ်ပြီး ပြောင်းလဲမှု တစ်စုံတစ်ရာရှိလာပါက ထပ်မံအသိပေးအကြောင်းကြားမည်ဖြစ်ကာ လောလောဆယ် တွင် အခွန်ကောက်သည့်စနစ် လွယ်ကူမြန် ဆန်စေရေး၊ လုပ်ငန်းထိရောက်မှုနှင့် ပွင့် လင်းမြင်သာမှုရှိစေရေး တိုးမြှင့်ဆောင်ရွက် သွားမည်ဟု အထူးဒေသ(၄) အခွန်ဦးစီးဌာန မှ ဆိုသည်။
    မြန်မာ -တရုတ်နယ်စပ်ကုန်သွယ် ရေးဂိတ် များစွာရှိသည့်အနက် အများဆုံး ကုန်သွယ်မှုပြုလုပ်သည့် မူဆယ်နယ်စပ်ဂိတ် နှင့် ဂိတ်အချို့အား ရှမ်းမြောက်ဒေသ တိုက်ပွဲများကြောင့် နယ်မြေတည်ငြိမ်ရေး ဆောင် ရွက်နေစဉ် ယာယီပိတ်ထားပြီး လတ်တလော တွင် ကုန်စည်များအား မန္တလေး-ကျိုင်းတုံ -မိုင်းလား လမ်းကြောင်းမှတစ်ဆင့် တရုတ် နှင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Total Views ~ 195

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43921

© 2022 - 2025 News. All Rights Reserved.