ရန်ကုန်၊ စက်တင်ဘာ ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးကုတ်မြို့ကို ယခင်လက တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများနှင့် အကြမ်းဖက်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှု ကြောင့် မိုးကုတ်မြို့ပေါ်ရှိ ဒေသခံအများအပြား တိုက်ပွဲတိမ်းရှောင်ခဲ့ရပြီး ကျန်ရစ်သည့် နေအိမ်များကို TNLA နှင့် PDF အဖွဲ့တို့က ဖောက်ထွင်းက အဖိုးတန်ပစ္စည်းများ၊ ရိက္ခာများ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
မြို့ပေါ်တိုက်ပွဲများ ဖော်ဆောင်ကြခြင်းကြောင့် ဒေသခံအများစုမှာ နေအိမ်များကို သော့ခတ်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ပြီးနောက် နယ်မြေအနည်းငယ် ပြန်လည်တည်ငြိမ်ခဲ့ရာ မိမိတို့နေအိမ်များကို ပြန်လည်ကြည့်ရှုချိန်တွင် နေအိမ်အများအပြားကို ဖောက်ထွင်ခိုးယူထားမှု ကြုံတွေ့ရကြောင်း သိရသည်။ တိုက်ပွဲကြောင့် မြို့တွင်း၌ ပြည်သူများမရှိချိန် ဝင်ရောက်လာသလို TNLA နှင့် PDF များသာ ကျန်ရှိပြီး ၎င်းတို့သာ ခိုးယူခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆက်သွယ်ပြောဆိုသည်။
"မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက် ကျွန်တော့်အိမ်မှာ သြဂုတ် ၂၉ ရက် ညက သူခိုး ဖောက်ခံခဲ့ရပါတယ်။ အဝတ်အစားတွေအားလုံး ဝင်မွှေပြီးပစ္စည်းတွေဖွာ လန်ကြဲနေအောင်ရှာကြပြီး ဆာလာအိတ် နှစ်အိတ်နဲ့ပစ္စည်းတွေ သယ်သွားတာဘေး အိမ်ကတွေ့ တယ်ပြောပါတယ်။ ကံကောင်း လို့ အများကြီးတော့ မပါသွားပါဘူး။ လူမနေတဲ့အိမ်မှာ အိမ်စောင့်တော့ ရှိနေမှဖြစ် မယ်။ ခိုးတာကတော့ လက်နက်ကိုင်တွေဖြစ်လို့ ဘေးအိမ်တွေကလည်း မပြောရဲဘူး"ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် TNLA အဖွဲ့က တိုက်ပွဲ ရှောင်ပြည်သူများ စီးနင်းလာသော ယာဉ်များကိုလည်း ဖမ်းဆီး ငွေတောင်းရမ်းခြင်း၊လက်နက်ဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံယာဉ် မောင်းတစ်ဦးက ပြောသည်။
"TNLA ရဲ့ တားဆီးထားတဲ့ မိုးကုတ်ကနေ မန္တလေးကို လာတဲ့ခရီးသည် တင်ကား အစီးရေ ၁၀၀ ကျော်ကို လွှတ် ပေးလိုက်ပါပြီ။ တားဆီးခံထားရတဲ့နေရာကတော့ နောင်ချိုနဲ့ ပြင်ဦးလွင်ကြားက ကြံခင်း၊ ပြောင်းခင်းတွေပဲ ရှိတဲ့နေရာမှာပါ။စတင်တားဆီးချိန်မှာ ခရီးသည်တင်ယာဉ် ငယ်ရော၊ ကိုယ်ပိုင်ယာဉ်ငယ်တွေပါ တစ်စီးကို တစ်သိန်းခွဲ TNLA ကို ပေးရပါတယ်။ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုက တော့ မိုးကုတ်-မန္တလေး ခရီးသည်တင်ယာဉ် ငယ်မောင်းတဲ့ ကိုကျော်နိုင်ဆိုတဲ့ ကျပ်ပြင် ဈေးကကားဆရာရဲ့ဖြစ်ရပ်ပါ။ သူက TNLA ကို ငွေရပြီဖြစ်တဲ့အတွက် လမ်းဖွင့်ပေးဖို့သွား ရောက်တောင်းဆိုရာမှာ ဖမ်းဆီးရိုက်နှက်တာ ခံရတဲ့အပြင် သူမောင်းလာတဲ့ကားကိုပါ သိမ်းယူ လိုက်တာ ခံလိုက်ရပါတယ်။ ဒါဟာ TNLA ရဲ့ ပြည်သူတွေအပေါ် လက်နက်နဲ့ အနိုင့်အထက်ပြုတဲ့ လုပ်ရပ်ပါပဲ။ ခုချိန်ထိတော့ ကိုကျော်နိုင်ရဲ့ကံကြမ္မာကို မသိရသေးပါဘူး"ဟု ဒေသခံယာဉ်မောင်း တစ်ဦးက ပြောသည်။
ထူးမြတ်