၂၀၂၃ စက်တင်ဘာ ၁၃
မိုးတွင်းကာလ ခရီးသည်နည်းပါး ချိန် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် နေ့စဉ် ပြေးဆွဲနေသည့် ရထားခရီးစဉ်နှစ်ခုကို စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ပြေးဆွဲမှု ယာယီရပ်နားထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ လမ်းပိုင်းတွင်အမှတ် ၈၁ အဆန်/အမှတ် (၈၂) အစုန်ရထားခရီးစဉ်နှင့် အမှတ် (၈၉) အဆန်/အမှတ် (၉၀) အစုန် ရထားခရီးစဉ်လေးခု ပြေးဆွဲလျက်ရှိ လက်ရှိ အချိန်တွင် မိုးတွင်းကာလဖြစ်၍ ခရီးသည် လိုက်ပါစီးနင်းမှု လျော့နည်းသွားခဲ့သည့်အတွက် အမှတ် (၈၉) အဆန်/အမှတ် (၉၀) အစုန်ရထားခရီးစဉ် နှစ်ခုတို့ကို ယာယီရပ်နားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်း အမှတ်(၇) ရန်ကုန်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
]]အရင်တုန်းက မော်လမြိုင်က တစ်ရက်နှစ်စီး ထွက်တာပေါ့လေ။ စက်တင်ဘာ ၁၁ ရက်ကစပြီး တစ်ရက်လျှော့လိုက်တာပေါ့။ နှစ်စီးမထွက်တော့ဘူး၊ တစ်စီးပဲ ထွက်တော့တာပေါ့။ အရင်တုန်းက အစုန် အဆန်လေးစီး၊ အခုက နှစ်စီးပဲပေါ့။ အခုက ရန်ကုန်ကလည်းတစ်စီး၊ မော်လမြိုင်ကလည်း တစ်စီးပဲ ထွက်တော့မှာပါ။ အခုက ခရီးသည်က မိုးတွင်းလည်းဖြစ်တယ်။ စိုက်ပျိုးရေး အချိန်ကာလလည်း ဖြစ်တယ်။ ပြီးတော့ ကျောင်းတွေကလည်း ဖွင့်တဲ့အချိန်ဆိုတော့ ခရီးသည်နည်းတော့ ရန်ကုန်၊ မော်လမြိုင် တစ်စီးဆီ လျှော့လိုက်တာပါဟု အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်-မော်လမြိုင် မီးရထားခရီး သည် စီးနင်းမှုနှုန်းမှာ နှစ်စီးပေါင်း အရေ အတွက်အရ ယခင်က ခရီးသည် ၁၀၀၀ ကျော်ရှိခဲ့ပြီး ယခုအခါတွင် မီးရထားခရီး သည် ၇၀၀ ကျော်သာ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးသည်စီးနင်းမှု အခြေအနေအရ ယခုကဲ့သို့ ရထားတစ်စီးတည်း သာ ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့မီးရ ထား၊ တိုင်းအမှတ်(၇)ရန်ကုန်မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။