၂၀၂၃၊ စက်တင်ဘာ ၂၆
ပြည်သူများအနေဖြင့် မီးဘေး၊ သဘာဝဘေးနှင့် ရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့ အရေးပေါ်အကူအညီ တောင်းခံဆောင် ရွက်နိုင်ရန် 191 Report App အား အဆင့်မြှင့်တင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ စက်တင်ဘာ ၂၅ ရက်တွင် အသိပေးကြေညာခဲ့သည်။
ပြည်သူများအနေဖြင့် နေ့စဉ်ကြုံတွေ့နေရသည့် ဘေးဒုက္ခအန္တရာယ်များအား ခေတ်နှင့်အညီ ICT နည်းပညာ အသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်း ခံနိုင်ရန်အကူအညီတောင်းခံလာသည့် သတင်းပေးပို့ ချက်များအား မီးသတ်ဦးစီးဌာနမှ အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ မီးသတ်ဦးစီးဌာန၏ ပြည်သူ့ဝန်ဆောင်မှုလုပ် ငန်းများအား အားကိုးယုံကြည်မှု ရရှိနိုင်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့် ရှောက်ရာတွင် ICT နည်းပညာဖြင့်အထောက် အကူဖြစ်စေရန် ရည်ရွယ်ရေးဆွဲထား သော 191 Report App ကို Google Play store နှင့် Apple Store တို့တွင် အဆင့်မြှင့်တင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထား ခြင်း ဖြစ်သည်။
191 ReportApp အား Download ပြုလုပ်ရမည်ဖြစ်ပြီး ၎င်းအားအသုံးပြုရာတွင် အခက်အခဲများရှိပါက (သို့မဟုတ်) အကြံပြုလိုသည်များရှိပါက Feedback ရေးသားပေးပါရန်နှင့် အများပြည်သူမှ ပေးပို့လာသော အကြံပြုချက်များအား App Update ထပ်မံပြု လုပ်ချိန်တွင် အလေးအနက်ထားထည့်သွင်း ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မီး သတ်တပ်ဖွဲ့မှ အသိပေးထားသည်။