မုန်တိုင်းကြောင့် ဆန်စပါး ပျက်လက်မှာကို စိုးရိမ်ပူပန်မှုမရှိရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသိပေးထုတ်ပြန်

၂၀၂၃ မေ ၈

ဘင်္ဂလားပင်လယ်အော်တွင် လတ်တလော ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ကြောင်း ပြည်တွင်း/ ပြည်ပ မိုးလေဝသ ကျွမ်းကျင်အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုနေကြပါသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့်

အရန်ရိက္ခာ ဆန်စပါး စုဆောင်းထားရှိမှုများ၊ လိုအပ်သော စီစဉ်မှုများကို ကြိုတင်ညှိနှိုင်း ပြင်ဆင်ထားပါကြောင်းနှင့် အောက်ပါတို့အပေါ် အသိပေး အကြံပြုထုတ်ပြန်အပ်ပါသည်-

(၁) ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်မိမိတို့၏ ဆန်စပါးများကို အမိုးအကာများ အောက် နှင့် သဘာဝဘေးအန္တရာယ်မှ ကင်းလွတ်နိုင်မည့် နေရာများတွင် သိုလှောင်မှုကို စနစ်တကျ ကြိုတင် စီစဉ်ဆောင်ရွက်ထားပါရန်၊ သိုလှောင်ရုံ အတွင်း အောက်ခြေတွင် ရေကြီးမှု၊ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် အောက်ခြေ​​မြ​ှင့်ထားရန်၊ dunnage, pallet ခုံများဖြင့် လည်းကောင်း၊ အခြားသင့်တော် သော နည်းလမ်းများဖြင့် လည်းကောင်း ကြိုတင်စီစဉ်ထားပါရန်။

(၂) နွေစပါး ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ နှင့် ရိတ်သိမ်းရန် ရှိနေသော နေရာများ၊ အထူးသဖြင့် ကမ်းရိုးတန်း အနီးတဝိုက်ဒေသများတွင် နွေစပါး ရိတ်သိမ်းသိုလှောင်မှုများကို ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုမ္ပဏီများ အနေဖြင့် ဒေသအုပ်ချုပ်ရေး အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနတို့ နှင့် ပူးပေါင်းညှိနှိုင်းပြိီး တောင်သူများကို တတ်နိုင်သမျှ ကူညီပေးနိုင်ပါရန်။

(၃) သဘာဝဘေးအန္တရာယ်ကျရောက်မှု ဖြစ်ပေါ်ပါက Emergency Early Response ပြုလုပ်နိုင်ရန် အလို့ငှါ ဆန်လိုအပ်မှု ရှိပါက အသင်းချုပ် ရုံးချုပ်၊ ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ နှင့် ဆက်သွယ်ညှိနှိုင်း တင်ပြပေးပါရန်။

(၄) ဆန်စပါး စုဆောင်းထားမှု နှင့် ဆန်စပါးဖူလုံမှု အပြည့်အဝ ရှိသဖြင့် မိဘပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူစုဆောင်းမှုများ မပြုလုပ်ပါရန် နှင့် လိုအပ်သော ပမာဏကိုသာ ဝယ်ယူပါရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

Total Views ~ 237

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43457

© 2022 - 2025 News. All Rights Reserved.