၂၀၂၃ မေလ ၂၃
မုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် ထိုင်းဘုရင်က လှူဒါန်းသည့် ပစ္စည်းများ ယနေ့ နံနက်ပိုင်း ရန်ကုန် လေဆိပ်ကို ရောက်ရှိမယ်လို့ သိရပါတယ်။
မြန်မာမှ ဆိုင်ကလုန်းမုန်တိုင်း မိုခါ သဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် H.M. King Maha Vajiralongkorn Phra Vajiraklaochaoyu-hua၊ မိဖုရား Suthida Bajrasudhabim-alalakshana နှင့် တော်ဝင်မိသားစုတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ပေးအပ်ခြင်းဆိုင်ရာအခမ်းအနား ကို ဒေသစံတော်ချိန် မေလ ၂၂ ရက် ညနေ ၆ နာရီကထိုင်းနိုင်ငံ၊ ဘန်ကောက်မြို၊ အမှတ် (၆) လေတပ်ဌာနချုပ်(Wings -6) အဆောက်အဦးမှာ ပြုလုပ်ခဲ့တာပါ။
ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့ကိုယ်စား ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီမှ ကောင်စီအဖွဲဝင် H.E. Mr. Chirayu Isarangkun Na Ayuthaya လှူဒါန်းပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး လှူဒါန်းသည့် ပစ္စည်းများမှာ
(က) Canned Mackerel (Roza)- 155 g * 10ea
(ခ) Instant Noodles (Mama Cup Tom Yum Kung)- 60 g * 6ea
(ဂ) Instant Noodles (Mama Cup Creamy Tom Yum Kung)- 60 g* 6ea
(ဃ) Instant Noodles (Jaya Beef)- 5 Packs
(င) Potato Chips (Tasto)- 69 g
(စ) Cream Wafers (Bitee Orange Flavor) – 100g
(ဆ) Cream Wafers (Bitee Coconut Flavor
(ဇ) Cream Wafers (Bitee Coconut Flavor) - 100g
(ဈ) Cream Wafers (Bitee Chocolate Flavor) - 100g
(ည) Sanitary Pads (Laurier Gentle Plus) - 25cm x 14ea
(ဋ) Instant Noodles (132 boxes)
(ဌ) Canned Fish (36 boxes)
(ဍ) Snacks (Potato Chips and Wafers) (188 boxes) တို့ ဖြစ်ပြီးယင်းတို့သည် ယနေ့ မေလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် C-130 လေယာဉ် ၂ စီးဖြင့် ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိမယ်လို့ သိရပါတယ်။