၂၀၂၃ မေလ ၈
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ဘုတလင် ကားလမ်း စေတနာစက်သုံးဆီဆိုင်အနီး လမ်းဘေးရှိသစ်ပင်ကို ကားတစ်စီးမှ ၀င်တိုက်မိရာ (၁)ဦးသေဆုံးပြီး(၂)ဦးပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်သည် မေလ ၇ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းဖြစ်စဉ်တွင် ကားခေါင်းခန်းအတွင်း ညှပ်နေသောလူနာနှင့်အရေးပေါ်လူနာ (၂)ဦးရှိကြောင်း သတင်းရရှိ၍မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့နယ်ရုံးမှအဖွဲ့၀င်(၁၂)ဦးနှင့်အတူ ကယ်ဆယ်ရေးယာဉ်(၁)စီး၊အရေးပေါ်လူနာတင်ယာဉ်(၂)စီးထွက်ခွါကူညီဆောက်ရွက်ခဲ့ကြောင်းသိရသည်။

ကားခေါင်းခန်းအတွင်း ညှပ်နေသော လူနာကိုလိုအပ်သည်များပြုလုပ်ကာ Hydraulic cutter များ အသုံးပြု၍ လူနာအားထုတ်ယူပေးခြင်းအား ဆောင်ရွက်ခဲ့သော်လည်းလူနာမှာ ပြင်းထန်ဒဏ်ရာရရှိကာ အသက်ဆုံးရှုံး ခဲ့ရပြီး မုံရွာဆေးရုံကြီး OPDမှတဆင့် ရင်ခွဲရုံသို့စိတ်မကောင်းစွာနဲ့ ပို့ဆောင်ကူညီပေး ခဲ့ရကြောင်းမြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ (မုံရွာ)ထံကသိရသည်