ရန်ကုန်၊ ဇူလိူင် ၁၇
တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုများ တိုက်ဖျက်ရေးတို့တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင် အသိအမှတ်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် နယူးဒေလီမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေး ဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီအား အခြားသော ဘင်းမ်စတက်နိုင်ငံခြားရေးဝန် ကြီးများနှင့်အတူ ဇူလိုင် ၁၂ ရက်တွင် နယူးဒေလီမြို့ရှိ အိန္ဒိယဝန်ကြီးချုပ်အိမ်တော်၌ စုပေါင်းတွေ့ဆုံ ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၁ ရက်က ထိုင်းနိုင်ငံခြား ရေးဝန်ကြီးမစ္စတာ မာရစ်ဆတ်ငီယမ်ဖုန်နှင့် လည်းကောင်း၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာနှင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မိုဟာမတ်ဟာဆန်မာမွတ်နှင့် လည်း ကောင်း နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ် ဟိတယ်၌ သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနှင့်ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဘင်းမ်စ တက်နှင့် မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအောက်တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင် အသိအမှတ်ပြုကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။
အိန္ဒိယ ပြည်ပရေးရာဝန်ကြီးနှင့် တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီဖော် ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုး တက်မှုအခြေအနေများကို ထည့်သွင်းရှင်း လင်းပြောကြားခဲ့ပြီး ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့် သွားရေးကိစ္စရပ် များကို ထည့်သွင်းဆွေးနွေးခဲ့ကြ သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ပြည်သူ အချင်းချင်းထိ တွေ့ ဆက်ဆံရေးအပါအဝင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကုန်သည် ကြီးများအသင်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။