ရန်ကုန် ဧပြီ ၃၀
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများသည် ၂၀၂၄ ခုနှစ် မေလ ၁ ရက် နံနက် ၉ မှစ၍ ရက်ချိန်းယူနိုင်ပါကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးအ ဖွဲ့မှ ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် ၂၀၂၃ ဖေဖော်ဝါရီလ ၂၃ ရက်မှစ၍ လည်းကောင်း၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှစ၍လည်းကောင်း Online Appointment System စနစ်ဖြင့် လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
ထို့အပြင် မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် မေ၂ ရက်မှစ၍ Online Appointm-ent System ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းနှင့် Online Booking လျှောက်ထားနိုင်ပါကြောင်း၊ ကယားပြည်နယ် အိမ်ထောင်စုစာရင်း ဝင်သူများသည် ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်)တိုင်း စစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲကို ရွေးချယ်လျှောက်ထားနိုင်ပါကြောင်း သိရသည်။
ကျန်ပြည်နယ်၊ တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင် သက်ဆိုင်ရာအိမ်ထောင် စုစာရင်းဝင်များကိုသာ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများသည် မေ ၁ ရက်မှစ၍ ရက်ချိန်းယူနိုင်ပါကြောင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ ရက်ချိန်း ယူရာတွင် မိမိတို့၏အိမ်ထောင် စုစာရင်းရှိရာ ရုံးခွဲများကို ရွေးချယ်ပြီး ကိုယ်တိုင်ဆောင်ရွက်နိုင်ရေး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ဖြစ်သည့် www.passport.gov.mm တွင် ကြိုတင်လေ့လာနိုင်ပါကြောင်း အသိပေးထုတ် ပြန်ထားသည်။