မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ လယ်ယာထွက်၊ ရေထွက်ကုန်နှင့် စက်မှုကုန်ချောပစ္စည်းများ အဓိကတင်ပို့နေပြီး ယခု ငါးရက်အတွင်း ကုန်သွယ်မှုပမာဏ သုည ဒသမ ၂၆၈ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့

၂၀၂၃  စက်တင်ဘာ ၁၃ 
    ရခိုင်ပြည်နယ် မောင်တောကုန် သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေ ထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချော ပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပြီး ယခု စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ ကုန် သွယ်မှုပမာဏ သုည ဒသမ ၂၆၈ ဒေါ်လာ သန်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။
    မောင်တောကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ် စက်တင်ဘာလ (၁-၉-၂၀၂၃ မှ ၅-၉-၂၀၂၃ထိ) တင်ပို့^တင်သွင်းမှုအခြေ အနေအရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၊ စက်တင် ဘာလ လျာထားချက်မှာ ပို့ကုန် ၁ ဒသမ ၅၀၀ ဒေါ်လာသန်း၊ သွင်းကုန် သုည ဒသမ ၀၄၀ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၁ ဒသမ ၅၄၀ ဒေါ်လာသန်းဖြစ်ပြီး စက်တင် ဘာလ ၁ ရက်မှ ၅ရက်အထိ အမှန်ဆောင် ရွက်နိုင်မှုမှာ ပို့ကုန် သုည ဒသမ၂၆၈ ဒေါ် လာသန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်မရှိ ကြောင်း သိရသည်။ ကုန်သွယ်မှုပမာဏ သုည ဒသမ ၂၆၈ ဒေါ် လာသန်းဆောင်ရွက် နိုင်ခဲ့ပြီး လျာထားချက်အပေါ် ၁၇ဒသမ ၄၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
    မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပြီး စက်တင်ဘာလ ၁-၉-၂၀၂၃ မှ ၅-၉-၂၀၂၃ ထိ တင်ပို့ခဲ့သည့် လယ်ယာထွက်ကုန်ပစ္စည်းမှာ ချင်း(အစို) ၅၅ တန် တန်ဖိုး သုည ဒသမ ၀၁၁ ဒေါ်လာ သန်း၊ ကွမ်းသီး ၁၉တန် တန်ဖိုး သုည ဒသမ ၀၁၀ ဒေါ်လာသန်း၊ တညင်းသီးရှစ်တန် တန်ဖိုး သုည ဒသမ ၀၀၂ ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း ၁၄၆ ဒသမ ၇၄၄ တန် တန်ဖိုး သုည ဒသမ ၁၈၆ ဒေါ် လာသန်း၊ ငါးနီတူခြောက် တစ်တန် တန်ဖိုး သုည ဒသမ ၀၀၃ဒေါ်လာ သန်း၊ ငါးစုံလေး ခြောက် ၁၂ တန် တန်ဖိုး သုည ဒသမ ၀၀၈ ဒေါ်လာသန်း၊ ငါးခေါင်းပွ ၃၂ ဒသမ ၁၈၅ တန် တန်ဖိုး သုည ဒသမ ၀၄၄ ဒေါ်လာသန်း၊ စက်မှုကုန်ချော ပစ္စည်းများမှာ ဆီးယိုထုပ် ရှစ်တန် တန်ဖိုး သုည ဒသ မ ၀၀၃ ဒေါ်လာ သန်း၊ ထွန်းရွှေဝါလိမ်းဆေး ၁ ဒသမ ၅ တန် တန်ဖိုး သုည ဒသမ ၀၀၁  ဒေါ်လာသန်း၊ သနပ်ခါးခဲနှစ်တန် တန်ဖိုး သုည ဒသမ ၀၀၁ ဒေါ်လာသန်း၊ မုန့်ဖတ်ခြောက် သုည ဒသမ ၅ တန် တန်ဖိုး သုည ဒသမ ၀၀၁ ဒေါ်လာသန်းတင်ပို့ခဲ့ကြောင်း သိရသည်။
    ထို့အပြင် သွင်းကုန်အပိုင်းတွင် စက်တင်ဘာလ ၁-၉-၂၀၂၃ မှ ၅-၉-၂၀၂၃ ထိ တင်သွင်းနိုင်ခြင်းမရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။          

Total Views ~ 164

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43800

© 2022 - 2025 News. All Rights Reserved.