Breaking

မော်တင်စွန်းဘုရားပွဲတော် သွားရောက်ဖူးမြော်လည်ပတ်နိုင်ရန် လုံခြုံစိတ်ချရသည့် ကမ်းရိုးတန်းသွား ရေယာဉ်များ စီစဉ်ထား

၂၀၂၄ ၊ မတ် ၅
    ယခုလ ၁၀ ရက် (တပေါင်းလဆန်း ၁ ရက်) မှစ၍ ၂၄ ရက် (တပေါင်းလ ပြည့်) နေ့အထိ ၁၅ ရက်ကြာ ကျင်းပမည့် ဧရာဝတီ တိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့ရှိ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်သို့ သွားရောက်ဖူးမြော်လည်ပတ်ရန် ရန်ကုန်မြို့ရှိ မော်တင်နှင့် ဘုန်းကြီးလမ်းဆိပ်ကမ်းများတွင် လုံခြုံစိတ်ချရသည့် ကမ်းရိုးတန်းသွား ရေယာဉ်များ စီစဉ်ဆောင်ရွက် ထားသည်ဟု စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှ ပြောသည်။
    လက်ရှိတွင် ဘုရားပွဲတော်ကျင်းပရန် စတင်ပြင်ဆင်နေပြီဖြစ်ကာ ပြည်တွင်း/ပြည်ပဘုရားဖူးများ အဆင်ပြေစွာတည်းခိုနိုင်ရန် စေတီတော်၏ အနောက်ဘက်ကမ်းခြေတွင် ဟိုတယ်များ ဆောက်လုပ်၍ ဖွင့် လှစ်ထားသကဲ့သို့ တည်းခိုရိပ်သာများပါ စီ စဉ်ဆောင်ရွက်ထားသည်ဟု ဆိုသည်။
    ဒေသထွက်ကုန်များနှင့် ရေထွက် ကုန်များ၊ ရိုးရာလက်မှုပစ္စည်းများအား ယခင်နှစ်များကဲ့သို့ စည်ကားစွာ ရောင်းဝယ်နိုင် ရန် ဈေးဆိုင်ခန်းများကိုလည်း လေလံစနစ် ဖြင့် ရောင်းချထားပြီးဖြစ်ကာ ယခုလအစပိုင်းတွင် ဈေးဆိုင်ခန်းများအား ပန္နက်ရိုက်စတင် ဆောက်လုပ်သွားရန် စီစဉ်ထားသည်ဟု စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင် ဦးကျော်စွာဝင်းက ပြောသည်။
    စေတီတော်မြတ်ကြီး၏ ဘုရားပွဲ တော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ အဆင်ပြေစွာ လာရောက်ဖူး မြော်နိုင်ရန် ရင်ပြင်တော် တိုးချဲ့ခြင်း၊ ရင် ပြင်တော်ပြည့် အပူခံကျောက်ပြား များခင်းကျင်းခြင်း၊ နားနေစရာ ပေါများစေရန် ဓမ္မာရုံများ၊ တန်ဆောင်းများ တိုးချဲ့ပြုပြင်ခြင်း၊ မြေထိန်း နံရံများအား တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Total Views ~ 175

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43963

© 2022 - 2025 News. All Rights Reserved.